ဘူတာရုံပလက်ဖောင်းက ခုံတန်းလျားလေးမှာထိုင်ပြီးပြုံးနေတဲ့အဘိုးကြီးကိုဘာလို့ပြုံးနေပါလိမ့်ဆိုတာသိချင်စိတ်နဲ့ ဂျွန်တစ်ယောက် မေးကြည့်တာပေါ့။အဘိုးကြီးက ဒီလိုရှင်းပြတယ်။ သူငယ်ငယ်က ကောလိပ်ကျောင်းတစ်ခုရှေ့မှာစက်ဘီးလေးတစ်စီးနဲ့ လက်ဖက်ရည်ရောင်းခဲ့တာ။တစ်နေ့ နတ်သမီးလေးလိုလှတဲ့ ကျောင်းသူလေးတစ်ယောက်သူ့ဆိုင်မှာလာသောက်တာပေါ့။ လာသောက်တိုင်းလည်းချစ်ခြင်းမေတ္တာအပြည့်နဲ့ သူဖျော်ပေးတဲ့ လက်ဖက်ရည်ကိုသောက်ရင်းကျောင်းသူလေးက သူ့ချစ်ခြင်းမေတ္တာကိုခံစားသွားမိပါရောတဲ့။တစ်နေ့တော့ ကျောင်းသူလေးက သူ့ကိုချစ်လားလို့မေးသတဲ့။တစ်နေ့လုပ်လို့ တစ်နေ့နပ်မမှန်တဲ့သူ့ဘ၀ကြောင့်လက်ဖက်ရည်ရောင်းတဲ့ကောင်လေး ဘာမှပြန်မဖြေခဲ့နိုင်ဘူးတဲ့။ဒါပေမဲ့ အဲဒီအပြုံးလေးကို ပြန်တွေးတိုင်း ကျေနပ်တဲ့စိတ်နဲ့ သူပြုံးနေခဲ့တာပေါ့။ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ဂျွန်ရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်။ တစ်ပုဒ်တော့မဟုတ်ဘူးအချစ်ဇာတ်လမ်းတွေ။ ဘယ်ရထားမှာမှ မလွဲခဲ့ဘဲ ချစ်ရတဲ့ကောင်မလေးကိုရထားပေါ်မှာတွေ့ပြီး လွဲခဲ့ရတဲ့ ဂျွန်။ ဒီရထားမှာ ဂျွန်တစ်ယောက်လွဲခဲ့ပြီးဘယ်လောက်ထိလွဲမလဲဆိုတာဒီအိန္ဒိယတောင်ပိုင်းအချစ်ဇာတ်လမ်းလေးမှာခံစားကြည့်ရှုကြပါဦး။