Dark Night of the Soul FHD

Dark Night of the Soul

Drama Mystery FHD 2024-11-12 5 0 Min

ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့Drama, Mystery အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။သမိုင်းမတင်မီခေတ်က ကမ္ဘာကြီးပေါ်မှာ ကူးစက်ရောဂါဗိုင်းရပ်တွေရှိခဲ့ပါတယ်။ အဆိုပါ ဗိုင်းရပ်တွေဟာ ရေခဲခေတ်နဲ့အတူဝင်ရိုးစွန်းဒေသတွေရဲ့ ရေခဲဆောင်ကြီးတွေထဲမှာ အေးခဲပြီးပိတ်မိနေခဲ့ပါတယ်။ဒီလိုနဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရေခဲဆောင်တွေ အရည်ပျော်လာတဲ့အခါမှာတော့ ရှေးဟောင်းဗိုင်းရပ်တွေကလည်း လူသားတွေကိုကူးစက်လာပါတော့တယ်။အဲလက်စ်ဆိုတဲ့ ထူးချွန်တဲ့ သိပ္ပံပညာရှင်ဟာ ဒီဗိုင်းရပ်ကို ကာကွယ်နိုင်ဖို့ကာကွယ်ဆေးဖော်ထုတ်ဖို့ ကြိုးစားနေတာပါ။ကမ္ဘာပေါ်က လူသန်းပေါင်းများစွာရဲ့အသက်ကလည်း သူမအပေါ်မှာမူတည်နေပါပြီ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူသူမရှိတဲ့ဒေသမှာကားမတော်တဆမှုဖြစ်ပြီး ခြေထောက်ကလည်း ညပ်မိနေတာကြောင့်အသက်အန္တရာယ်နဲ့ရင်ဆိုင်ရပါတော့တယ်။ဒီဇာတ်ကားလေးကတော့ ဗိုင်းရပ်ကြောင့် စတင်ဖြစ်ပေါ်လာတဲ့ကပ်ဆိုးကြီးနဲ့ အစပြုထားပေမဲ့ ဇာတ်လမ်းတစ်လျှောက်မှာတော့အဲလက်စ်ရဲ့ အသက်ရှင်ဖို့ ရုန်းကန်ရပုံတွေကိုတင်ဆက်ထားတာပါ။ကားထဲမှာ ပိတ်မိနေရင်း သေလုမျောပါးဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတဲ့ အတွေးစတွေကို တင်ဆက်ထားပြီး တာဝန်ဝတ္တရား၊ ရွေးချယ်မှု၊ အကျိုးဆက်နဲ့ငယ်ဘဝစိတ်ဒဏ်ရာတွေကို မေးခွန်းထုတ်သွားခဲ့ပြီး ကြည့်ရှုသူပရိသတ်ကိုပါ ကြည့်ရင်းနဲ့ အတွေးစထဲမျောသွားစေမဲ့ ဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်။အဲလက်စ် တစ်ယောက်ရှင်သန်ကျန်ရစ်နိုင်ခဲ့မလား၊ လူသားမျိုးနွယ်ရဲ့ကံကြမ္မာကရော ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာရှုစားလိုက်ကြရအောင်ပါ။