Dhoom Dhaam FHD

Dhoom Dhaam

Comedy Romance FHD 2025-02-14 8.3 108 Min

တေလဂူးစကားပြော အချစ်ဟာသ ရုပ်ရှင်လေးတစ်ပုဒ်ကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာဆိုရင် သားနဲ့ အဖေကြားက ၅၂၈ မေတ္တာနဲ့ချစ်သူနှစ်ဦးကြားက ၁၅၀၀ မေတ္တာတို့ လွန်ဆွဲကြပုံကိုပေါ့ပေါ့ပါးပါး ပုံဖော်ပြထားတာပါ။ဇာတ်လမ်းကတော့.. သားဖြစ်သူကို အင်မတန်ချစ်တဲ့ဟိုက်ဒရာဘတ်မြို့က အိမ်ခြံမြေသူဌေးကြီး ရာမာရာဂျူး။သားဖြစ်သူကို ချစ်လွန်းလို့ ရွှေပေါ်မြတင်ထားပြီးအမြဲတမ်း အတော်ဆုံးဖြစ်နေအောင် သားဖြစ်သူထက်ပိုသာတဲ့သူတွေကို ဘေးမှာမထားတဲ့ထိ အချစ်စိတ်ကြီးတဲ့ ဖခင်တစ်ယောက်။ငယ်ငယ်ကတည်းက အဖေအလိုလိုက်တာခံရလို့ လက်ညှိုးညွှန်ရာရေဖြစ်ပြီးအဖေကို လေးစားချစ်ခင်ကာ ဘာလုပ်လုပ်အသိပေးတဲ့ သားလိမ္မာ ကာသစ်။ပြီးတော့ ကာသစ်ဘဝထဲကို ရုတ်တရက် ဝင်လာပြီး အရင်င်က သိပ်ရင်းနှီးခဲ့သလိုမျိုးကာသစ်အကြောင်းကိုအကုန်သိနေတဲ့ ပဟေဠိဆန်တဲ့ မိန်းမလှလေး ဆူာဟာနာ။ကာသစ်နဲ့ဆူဟာနာတို့ဟာ အချစ်ရုပ်ရှင်တွေရဲ့ထုံးစံ အချစ်ဇာတ်လမ်းဖြစ်လာခဲ့ပြီးသားအဖနှစ်ယောက်ကြားဝင်လာတဲ့အချိန်မှာတော့ ၁၅၀၀ အချစ်က အနိုင်ရမလား၅၂၈ မေတ္တာက အနိုင်ရမလား ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုဒီရုပ်ရှင်ထဲမှာ လှလှပပမြင်ရမှာပဲဖြစ်ပါတယ်…။