The Kid HD

The Kid

Comedy Family Fantasy HD 2000-07-07 6.7 104 Min

ဒစ်စနေးကထုတ်တဲ့ အက်ရှင်မင်းသား Bruce Willis ရဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ရပ်စ်က နာမည်ကျော် ရာထူးမြင့်လူတွေကို ပုဂ္ဂိုလ်ရေး၊ လူမှုရေးဆိုင်ရာအကြံပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီး စိတ်ကသိကအောက်ဖြစ်စရာ စရိုက်လက္ခဏာကြောင့် လူတိုင်းတင်မက သူ့ရည်းစားကပါ အမြင်ကပ်ရပါတယ်။အဖေဖြစ်သူနဲ့ စကားမပြောဘဲ ငယ်ဘဝကိုလည်းမေ့ဖျောက်ထားသူတစ်ယောက်ဖြစ်ပြီး အသက် ၄၀ ပြည့်ဖို့သိပ်မလိုတော့တဲ့အချိန် တစ်ညမှာ သူ့အိမ်ထဲကို ၈ နှစ်အရွယ် ဝတုတ်ကောင်လေး ခိုးဝင်လာပါတယ်။ပထမတစ်ခါ လွတ်သွားပေမယ့်နောက်တစ်ခါလက်ပူးလက်ကြပ်မိတဲ့အခါ ကောင်လေးကို မေးမြန်းကြည့်ရင်း ၈ နှစ်ကလေးဟာ သူကိုယ်တိုင်ပဲဆိုတာ သိလိုက်ရတဲ့နောက်မှာတော့ သူ့မေ့ထားခဲ့တဲ့ အတိတ်ကို ပြန်လည်ရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။