ချစ်ပရိသတ်တို့ရေ Guardians of the Dafeng မှာမျက်နှာမပြဘဲ မွှေသွားတဲ့ နောက်ကျောအရှင်ဆရာတူအစ်ကိုကြီးရဲ့ ဇာတ်လမ်းလေးလာပြီနော်…တဖုန်းရဲ့ အလေးစားခံ ဆရာတူအစ်ကိုကြီးဘဝဟာဆိုရင်…ယန်ချန်းဟွမ့် ဆိုပြီး ကဗ္ဗည်းထိုးခံရတဲ့အထိကို လေးစားခံခဲ့ရတဲ့သူပါ…သင်ကြားသူအားလုံးကြားထဲမှာ အစွမ်းအထက်ဆုံး အတော်ဆုံးလို့လည်း ပြောစမှတ်တင်ပြီးတော့အားလုံးက လေးစားအတုယူအထိ ပါးစပ်ဖျားက မချလောက်တဲ့စံပြပုဂ္ဂိုလ်ပေါ့တစ်နေ့တော့ တဖုန်းကို ၂၁ ရာစုက ရွှီချီအန်းတစ်ယောက် ရောက်လာချိန်ကစပြီးဘဝ ဈာန်လျှောသွားတာဆိုတာလေ….အလေးစားခံ အချစ်ခံကနေ ချောင်ထိုးခံ အပယ်ခံဘဝကိုရောက်သွားရော…ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကဝေဂိုဏ်းကတဖုန်းပြည်သူပြည်သားတွေကို ဒုက္ခပြုနေတယ်ဆိုတော့…ငါ့အစွမ်းပြချိန်တန်ပြီဆိုပြီး သူ့မှာ အစွမ်းလက်နက်တွေပြင် ကြိုးစားပြန်တော့လည်း…မျက်နှာကောင်းမရ… အသိမှတ်ပြုမခံရနဲ့…ဒီလိုနဲ့ တစ်ချိန်ကဆရာတူအစ်ကိုကြီးဘဝကို ပြန်ရဖို့ ယန်ချန်းဟွမ့်တစ်ယောက်ဘယ်လိုတွေ ကြိုးစားအားထုတ်တယ်ဆိုတာကို ဒီကားလေးမှာ တွေ့ရမှာမို့…လာမလာမသေချာသေးတဲ့ အတွဲ ၂ ကို စောင့်ရင်းဒီမူဗွီလေးနဲ့ အရင် ဖြေသိမ့်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…