Faceless HD

Faceless

Thriller HD 2024-11-29 8.3 120 Min

ကာဘူရာဂီလို့ခေါ်တဲ့ ကောင်လေးဟာ တစ်မိသားစုလုံးကိုသတ်တဲ့အမှုနဲ့ တရားစွဲဆိုခံရပြီး သေမိန့်ကျခံခဲ့ရပါတယ်။ဒါပေမဲ့လည်း သူဟာ အပြောင်းအရွှေ့ ကာလအတွင်းမှာထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့တစ်တိုင်းပြည်လုံးလှည့်လည်ကာ ပုန်းလို့နေခဲ့ပါတယ်။ဒီလို ပုန်းအောင်းနေစဉ်အတွင်းမှာပဲ အန်ဒို, ကာဇူယ, မိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ကာဘူရာဂီကို ဖမ်းဖို့အတွက် စုံထောက်ကြီးမာတနုကိကလည်း ကြိုးစားပမ်းစား ရှာဖွေလို့နေခဲ့ပါတယ်။ဒီလိုနဲ့ ကာဘူရာဂီ ထွက်ပြေးလွတ်မြောက်သွားတာရက်ပေါင်း ၄ရာကျော် ရှိလာပေမဲ့လည်း ကာဘူရာဂီရဲ့အစအနလေးတောင် ရှာလို့မတွေ့ခဲ့ပါဘူး။ကာဘူရာဂီဟာ ပြစ်မှုကျူးလွန်ပြီးကတည်းကလွတ်မြောက်အောင် ထွက်ပြေးနိုင်ပါလျက်သေမိန့်ကျပြီးခါမှဘာလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလဲ ……..ကာဘူရာဂီကရော တကယ်တမ်း ဘယ်သူဖြစ်နေမလဲ …..သူ့မှာ ဘာပလန်တွေရှိနေမလဲ …… ဆိုတာကိုကြည့်ရှုရမဲ့ ဂျပန် Thriller အလန်းစားကားလေးဖြစ်ပါတယ်။