Carved: The Slit-Mouthed Woman FHD

Carved: The Slit-Mouthed Woman

Horror FHD 2007-03-16 5.9 90 Min

ဂျပန်သရဲကားတစ်ကားဖြစ်ပြီး ဂျပန်နိုင်ငံမှာတကယ်ဖြစ်ခဲ့တာလို့လဲ ပြောကြပါတယ်။(ဒဏ္ဏာရီအရပေါ့)သွေးထွက်သံယိုတွေလဲပါတဲ့အတွက်ကြက်သီးထစရာကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။သေချာတာကတော့ ဒီကားလေးကြည့်ပြီးသွားရင်အမေတွေကိုဒေါသထွက်အောင်ပြန်ပြောရဲမှာ မဟုတ်တော့ဘူး။:pအညွှန်းလေးက ကတ်ကြေးတစ်လက်ကိုင်ထားတဲ့မိန်းမတစ်ဦးကပြန်ပေးဆွဲလာတဲ့လူတွေကို သူလှလားလို့မေးလေ့ရှိတယ်။လှတယ်လို့ဖြေတာနဲ့ သူ့နှာခေါင်းစည်းကိုချွတ်ပြပြီးထပ်မေးတယ်ခုရောလှသေးလားဆိုပြီး ပြီးတာနဲ့ဘာဆက်ဖြစ်လဲ။မသိဘူးလေနော်ဟဲဟဲ စတာ။မလှဘူးလို့ဖြေဖြေကြောက်လန့်ပြီးအော်ပြေးတာပဲဖြစ်ဖြစ်ကတ်ကြေးနဲ့ထက်ပိုင်းခြမ်းပစ်တယ်။လှတယ်လို့ဖြေလိုက်ရင်တော့ သူ့ပါးစပ်လိုမျိုးပုံစံတူအောင်ကတ်ကြေးနဲ့ဆွဲဖြဲပစ်လိုက်တာပဲ။အင်းဟိုးအစကတည်းက မလှဘူးလို့ဖြေရင်တော့ကတ်ကြေးနဲ့တစ်ခါတည်းထိုးသတ်ပစ်လိုက်တာ။ကဲ ဒီကားကြည့်ပြီးရင် ဘယ်လိုဖြေမလဲဆိုတာလေးပါစဉ်းစားလိုက်တော့နော်။