မွေးဖွားလာတည်းက မိခင်ကိုဆုံးရှုံးခဲ့ရတဲ့ မူအွိုင်လေး။စိုင်ဂွန်ဆိုတဲ့ဆားလယ်သမားတွေ အခြေချနေထိုင်ကြတဲ့ရွာလေးမှာသားအဖ၂ယောက် ရုန်းကန်ရှာဖွေရင်း ဘဝကိုဖြတ်သန်းနေကြပါတယ်မူအွိုင်လေးက ရွာမှာဆိုအချောဆုံး အတော်ဆုံးပေါ့ရွာကလူတွေကတော့ စာသင်တယ်ဆိုတာကိုကစိန်ခေါ်မှုတစ်ခုလိုဖြစ်နေပေမဲ့ မူအွိုင်လေးကတော့တက္ကသိုလ်ကိုတောင် ဝင်ခွင့်ရခဲ့ပါတယ်မြို့ဆိုတော့သိကြတဲ့အတိုင်း စရိတ်တွေကများတာပေါ့ဆားကလည်း ဈေးနှိမ်တဲ့ဝယ်သူတွေနဲ့ သမီးရဲ့ကျောင်းစရိတ်ကိုရှာဖို့ရုန်းကန်ရတဲ့အဖေနဲ့ မြို့ကို ပညာသင်ဖို့တက်သွားတဲ့မူအွိုင်တို့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါဦး