“အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်စုပ်ထိုး”ဆိုတာနောင်ပြင်ရန်ခက်တဲ့အရာတွေဆိုတဲ့အတိုင်းသားရယ်သမီးရယ် မွေးလာကြတော့မှလည်းဆင်စီးမြင်းရံစေချင်ကြတာကမိဘတို့ရဲ့ စိတ်သဘောထားပေမို့ကိုယ့်ရင်နှစ်သည်းခြာသားသမီးကို တင့်တောင့်တင့်တယ်တူတူတန်တန်မြင်ချင်ကြတာချည်းသာပေါ့။အခုတင်ဆက်ပေးမယ့်ရုပ်ရှင်မှာလည်း ကိုယ့်သားသမီးတွေ လူကောင်းသူကောင်းနဲ့ညားဖို့အရေးကိုယ်ကဘာကြီးဖြစ်ဖြစ် အမြင့်မှန်းတဲ့ အရှေ့တောင်အာရှမိသားစုတွေကိုအလွဲလွဲအချော်ချော်နဲ့ ဟာသနှောပြီး ဘ၀အမောတွေပြေကြဖို့ရာတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။