ဒီတစ်ခါ Channel Myanmar ပရိတ်သတ်ကြီးကို ကနေဒီယန်အချစ်ဒရာမာကားလေးနဲ့မိတ်ဆက်ပေးပါရစေ..ဇာတ်လမ်းကတော့ ဝယ်သာဆိုတဲ့ ကောင်လေးတစ်ယောက်မြို့ကြီးပြကြီးက သူ့အဒေါ်ဆီကနေ အမွေပစ္စည်းတစ်ခုကိုလာယူရင်းနဲ့ နန်းဆန်တဲ့ ပန်းခြံ အဲမဟုတ်သေးဘူး ပန်းမာန်လိုလှတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့မိရင်း မြင်မြင်ချင်းချစ်မိသွားပါတယ်ဝယ်သာဟာလူချစ်လူခင်များအောင်နေတတ်သူတစ်ယောက်မလို့ကောင်မလေးအနားကိုအဆင်ပြေပြေ ချဉ်းကပ်ဖို့ကတော့ မခက်ခဲလှပါဘူး။ ဒါပေမဲ့ မမျှော်လင့်ထားတာကတော့ကောင်မလေးကလက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ သတို့သားလောင်းနဲ့ စေ့စပ်ထားတာပါပဲ။ဟင် ဒါဆိုမင်းဇာတ်ကားကြီးက သူများဆော် ကြောင်တောင်နှိုက်တဲ့ကားကြီးပေါ့လို့ပြောစရာရှိပါတယ်။ ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်လက်ခံထားတာကတော့ ဇာတ်လမ်းတွေဟာဇာတ်လမ်းပြောသူရဲ့ ရှူထောင့်ပေါ်မူတည်ပြီး ရသတွေ အမြင်တွေကွာကုန်တာပါပဲ။ဥပမာပြောရရင် ရာမယနဇာတ်ဟာနိုင်ငံတော်တော်များများမှာ ဒဿ ကိုလူဆိုးအနေနဲ့ပဲ ဖော်ကျူးခဲ့ကြပေမဲ့ မြန်မာမှာတော့ ဆရာချစ်ဦးညိုလက်စွမ်းပြလိုက်တာ ဒဿဟာ သနားစရာ အချစ်ရှုံးသမားအဖြစ်ပြောင်းလဲသွားတဲ့အထိပါပဲ။ ဒါပေမဲ့ဒီဇာတ်ကားမှာတော့ ဝယ်သာကဒဿလိုပဲ စာတွင်တဲ့အချစ်ရှုံးသမားပဲဖြစ်မလား၊အနိုင်ရတဲ့သူပဲဖြစ်မလားဆိုတာကိုတော့………..ထူးခြားချက်အနေနဲ့ ဒီကားက ကနေဒီယန်ကားပေမဲ့ ၁၇၇၄ ကThe Sorrowsof Young Werther ဆိုတဲ့ ဂျာမန်ဝတ္တုကိုအခြေခံထားတာဖြစ်ပြီး အော်ပရာအနေနဲ့ကထားတာတွေလည်းရှိပါတယ်ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ José Lourençoကဇာတ်ညွန်းကိုယ်တိုင်ရေးသားရိုက်ကူးထားပြီး Douglas Booth, Alison Pill, Iris Apatow ,Patrick J. Adams တို့လိုသရုပ်ဆောင်တွေပါဝင်ရိုက်ကူးထားပါတယ်