ဆေးလ်ဘုတ်တို့မိသားစုဟာ နေထိုင်မှုပုံစံအရ မပြည့်စုံဘူးလို့ပြောရမယ်…နေတာကလည်းမြို့ပြင်မှာဖြစ်ပြီး အိမ်လေးလဲမပြိုအောင် ဒေါက်တိုင်တစ်တိုင်ကိုတစ်ဖက်ကထောက် တစ်ဖက်ကကြိုးနဲ့ ကျားကန်ထားရလေရဲ့….ဆေးလ်ဘုတ်ဆိုတာ အသက်(၇)နှစ်ခန့်အရွယ် ကောင်လေးတစ်ယောက်ပါသူ့အဖေနဲ့ အမေဟာသူ့ကိုသိပ်ချစ်ကြတယ်….မိသားစုဝင်(၃)ဦးပေါ့…ဒီကားက အဓိကဇာတ်ဆောင်ဟာ ဆေးလ်ဘုတ်ဆိုတဲ့ကောင်လေးပါ….သူရဲ့နောက်ခံစကားပြောသံလေးနဲ့တစ်ကားလုံးကိုပြီးဆုံးစေတယ်…သူ့ကြည့်ရတာ သူ့ရဲ့အဘွားကိုအတော်ချစ်တဲ့ပုံပဲ…ဘာလို့လဲဆိုတော့ အကြောင်းအရာတိုင်းဟာ သူ့အဘွားရဲ့ သွန်သင်မှုတွေကနေ မြစ်ဖျားခံလာလို့ပါပဲ…ဥပမာ…”ကျွန်တော့်အဘွားကပြောတယ်…မြေးလေး ရှာဖွေမှု မလုပ်တဲ့အချိန်မျိုးမှာမှအရးအကြီးဆုံးအရာကို တွေ့တတ်တယ်တဲ့…တချို့အရာတွေဖြစ်လာတာက တခြားသောအရာတွေ ဆက်စပ်ဖြစ်လာနိုင်ဖို့ပါတဲ့…”ဒီကောင်လေးဟာအဘွားရဲ့ ပြောဆိုမှုတွေနဲ့ လောကကြီးကို သုံးသပ်နေဟန်ပါပဲ..ကျွန်တော်တို့ဟာ ဆေးလ်ဘုတ်ရဲ့နောက်ခံစကားပြောသံနဲ့ အတွေးတွေနောက်ကို လိုက်ရင်းတချို့သောအကြောင်းအရာလေးတွေကိုဖမ်းဆုပ်မိနေလိမ့်မယ်..ဒီကားက တချို့သောသူတွေအတွက် ဘာကြီးမှန်းမသိဘူးဆိုပြီးဖြစ်သွားပါလိမ့်မယ်..ဒါပေမယ့် တချို့သောသူတွေအတွက် ရိုးစင်းပြီးနက်နဲတဲ့ ကဗျာတစ်ပုဒ်နဲ့တူပါလိမ့်မယ်=ခံစားကြည့်လိုက်ပါဦးလို့ပဲပြောပါရစေ…..