ဒီဇာတ်လမ်းမှာတော့ နစ်ဟာ ဒွန့်ကို လိုက်ဖမ်းဖို့ ရှာရင်းနဲ့ ဥရောပ ရောက်လာပါတယ်။ အဲဒီအချိန်မှာပဲ သူက ပန်သာအဖွဲ့နဲ့ပေါင်းပြီး ကမ္ဘာ့အကြီးဆုံး စိန်စင်တာကြီးရဲ့ အလုံခန်းကို ဖောက်ဖို့ ကြိုးစားနေတာသိလိုက်ရပါတယ်။နစ်တစ်ယောက် ဒွန်နီနဲ့တွေ့ချိန်မှာတော့ ဒွန်နီသိလိုက်ရတာက နစ်ဟာ ရဲအလုပ်ကို စိတ်ကုန်သွားပြီး သူနဲ့အတူ ပေါင်းပြီး စိန်တွေခိုးဖို့ လာတာဆိုတာပါပဲ။ဒီတော့ လုံခြုံရေးအရဖောက်ထွင်းဖို့မဖြစ်နိုင်တဲ့ စိန်အလုံခန်းကြီးတစ်ခုကို နစ်နဲ့ဒွန်တို့ ဘယ်လိုဖောက်ကြမလဲ၊ အပြင်မှာလည်း ရဲတွေလက်ကအပြင်၊ သူတို့ စိန်ခိုးပြီး ပြဿနာရှာထားတဲ့ မာဖီးယားတွေကပါ စောင့်နေတာမို့ ဘယ်လိုအလွတ်ပြန်ရုန်းကြမလဲဆိုတာကို အက်ရှင်နဲ့ သူခိုးကားစတိုင် ပေါင်းစပ်ပြီး ကြည့်ရမှာပါ။