Invincible Swordsman HD

Invincible Swordsman

Action Drama HD 2025-01-23 8.3 0 Min

ဒီ ၂၀၂၅ နှစ်စမှာ ဆရာကြီး ကျင်းရုံရဲ့ Classic Novel တွေ ရုပ်ရှင်အဖြစ်ပြောင်းလဲရိုက်ကူးပြီးထွက်လာတာကိုတွေ့ရပါတယ် ဒီတခါတင်ဆက်ပေးမှာကတော့သိုင်းလောကရဲ့စိန်ခေါ်သံ လို့ လူသိများတဲ့ Invincible Swordsman (2025) ပဲဖြစ်ပါတယ်စီးရီးဇာတ်လမ်းတွဲနဲ့မတူပဲ ဒီဇာတ်လမ်းမှာတော့ လင့်ဟူချုံးနဲ့ တုံးဖန်းပုပိုက်တို့ရဲ့ဇာတ်ကြောင်းကိုဦးတည်ရိုက်ကူးထားတာကိုတွေ့ရပါတယ်ဇာတ်လမ်းအကျဉ်းကတော့ လင့်ဟူချုံးဟာ သိုင်းလောကနေအနားယူချင်ပေမယ့်သိုင်းလောကရဲ့အကောင်းအဆိုးအရှုပ်အထွေးတွေကြားထဲမှာ မဖြစ်မနေပါဝင်ခဲ့ရတယ်။လင့်ဟူချုံးကမိန်းကလေးတစ်ယောက်ကို တုံးဖန်းပုပိုက်မှန်းမသိပဲ ကယ်မိခဲ့တယ်။ဒီလိုနဲ့စိန်ခေါ်သံတွေပြည့်နှက်နေတဲ့ သိုင်းလောကရဲ့ခရီးကိုစတင်လိုက်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ တုံးဖန်းပုပိုက်နဲ့ လင့်ဟူချုံးကိုပဲအဓိကရိုက်ကူးထားတာဖြစ်ပါတယ်။တုံးဖန်းပုပိုက်နေရာမှာ သရုပ်ဆောင်တဲ့ Zhang Yu Qiရဲ့သရုပ်ဆောင်ချက်တွေကိုကြည့်ရတာBrigitte Linရဲ့အငွေ့အသက်တွေကိုပြန်မြင်ရပြီးတော့ Sammo Hongလိုဝါရင့်သရုပ်ဆောင်တွေအားဖြည့်ထားတဲ့ 2025နှစ်စရဲ့သိုင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။