ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာထွက်ရှိခဲ့တဲ့ Thriller ဆန်ဆန်ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ မိုက်ကယ်ဆိုတဲ့ လူငယ်လေးကအခုမှ အိမ်အသစ်ကိုပြောင်းလာခဲ့တာပါ။အိမ်အသစ်ကို ပြောင်းပြောင်းချင်းမှာပဲ ညဘက်တွေမှာ အိပ်မက်ဆိုးတွေမက်ပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို စတင်ကြုံတွေ့လာရပါတော့တယ်။ စိတ်ကျန်းမာရေးလည်း တဖြည်းဖြည်းထိခိုက်လာပြီးတော့ အိမ်နီးချင်းဖြစ်သူ ဂျိုးပြောပြတဲ့အိမ်ဖောက်ထွင်းမှုအကြောင်းကို စိတ်စွဲကာ စိုးရိမ်စိတ်တွေလည်းစ ဝင်လာပါတော့တယ်။ မိုက်ကယ် မတိုင်ခင်က အိမ်မှာ နေခဲ့တဲ့နန်စီဆိုတဲ့ အမျိုးသမီးတစ်ယောက်ကလည်းထူးဆန်းတဲ့အဖြစ်အပျက်တွေကြောင့်ပဲ အိမ်ကနေ ပြောင်းပြေးခဲ့ရတာပါ။ဆိုတော့ ဒီဇာတ်ကားလေးထဲမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေကရောဘာကြောင့်ဖြစ်နေတာလဲ၊ မိုက်ကယ်ရဲ့ညဘက်အိပ်မရတဲ့ရောဂါဟာဘာကြောင့်လဲ၊ ဘယ်လိုအရာတွေကို ကြုံတွေ့ကြရမလဲဆိုတာကိုတော့ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ အပိုအလိုမရှိအောင် တင်ဆက်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုလို့ကောင်းမဲ့ ဇာတ်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲ။