200KG Vampire FHD

200KG Vampire

Comedy Horror FHD 2024-09-05 8.3 91 Min

ဒီတစ်ခါမှာတော့ ဟာသသရဲကားကြိုက်နှစ်သက်သူတွေအတွက်ပေါ့ပေါ့ပါးပါးရှုစားလို့ရမဲ့ မလေးရှားဟာသကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ 200KG Vampire ဖြစ်ပြီး လက်ရှိIMDb Rating 7.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်း ကီလိုဂရမ် ၂၀၀ လေးတဲ့သွေးစုပ်ဖုတ်ကောင်နဲ့ ရွာသားတွေကြားကအလွဲလေးတွေ ဟာသလေးတွေကိုပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကရွာလေးနာမည်ကတော့တာဘာလစ်ရွာဖြစ်ပြီးအခုအချိန်မှာတော့ရွာသူကြီးရဲ့သား ကိုရီးယားရူးလေး ရွာကိုပြန်လာတော့မှာဖြစ်တဲ့အတွက်ကျေးဇူးတော်နေ့တွေ့ဆုံပွဲလည်းတစ်ခါတည်းလုပ်ဖို့ပြင်ဆင်နေကြပါတယ်။ဖြစ်ချင်တော့ အဲ့ဒီပွဲမှာတည်ခင်းထားတဲ့အစားအသောက်တွေကို အစားကြီးတဲ့ ကီလိုဂရမ်၂၀၀ရှိတဲ့သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ကလာစားပါတော့တယ်။အဲ့ဒီကနေစပြီး ရွာသူရွာသားတွေရဲ့အစားအသောက်တွေ တစ်နေ့ထက်တစ်နေ့ပိုပိုကုန်လာတဲ့အပြင်သွေးစုပ်ခံရတဲ့ရွာသူရွာသားတွေလည်းရှိလာတဲ့အတွက် ရွာသူကြီးနဲ့လူငယ်ခေါင်းဆောင်တွေပူးပေါင်းပြီးဒီသွေးစုပ်ဖုတ်ကောင်တွေကိုရှင်းထုတ်ပစ်ဖို့ကြိုးစားကြပုံကိုပေါ့ပေါ့ပါးပါး ရှုစားကြရမှာဖြစ်ပါတယ်။