Coup se chance ဆိုတဲ့ပြင်သစ်ဇာတ်ကားလေးကတော့ချမ်းသာတဲ့စုံတွဲတစ်တွဲဖြစ်တဲ့ ဖန်နီ(Lou de Laâge)နဲ့ဂျင်း(Melvil Poupaud) တို့က လူတိုင်းအားကျတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားရပေမဲ့ ပြဿနာလေးတွေရှိနေပါတယ်။ တစ်နေ့မှာတော့ ဖန်နီက ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအယ်လန်(Niels Schneider)နဲ့ လမ်းမှာအမှတ်မထင်တွေ့ကာ သူငယ်ချင်းက သူ့ကိုငယ်ငယ်တည်းကကြိုက်နေကြောင်းဝန်ခံခဲ့ပါတယ်။ဖန်နီနဲ့ သူ့ကိုအရူးအမူးသဘောကျနေဆဲဖြစ်တဲ့ သူငယ်ချင်းဟောင်း၊ သူတို့နှစ်ယောက်ရဲ့အခြေအနေတွေအဆင့်တက်လာတဲ့နောက်ယောကျာ်းဖြစ်သူ ဂျင်းမသိအောင်ဘယ်လို ဖုံးကွယ်မလဲ။ယောကျာ်းဖြစ်သူ ဂျင်းက သိသွားခဲ့ရင် ဘာတွေလုပ်လာမလဲဆိုတာကို ကြည့်ရမယ့် crime/thiller ဆန်ဆန် အိမ်ထောင်ရေးကားလေးပဲဖြစ်ပါတယ်။