Abnormal Attraction HD

Abnormal Attraction

Comedy Fantasy Adventure HD 2018-03-01 4.706 107 Min

ဒီတစ်ခါတော့ Abnormal Attraction ဆိုတဲ့ Adventure, Comedy ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် .. ။ လူသားတွေနဲ့ မွန်းစတားတွေ အတူယှဉ်တွဲနေထိုင်ဖို့ဖြစ်လာတဲ့အခါ လူသားနဲ့ မွန်းစတား ကြားက နားလည်မှုလွဲတာလေးတွေကိုရိုက်ပြထားတာပါ …ဇာတ်လမ်းအကျဉ်းချုပ်လေးကို နည်းနည်းလေး မိတ်ဆက်ပေးချင်ပါတယ် ..ထူးဆန်းတဲ့ ရူးကြောင်ကြောင် လူတွေကို နှစ်သိမ့်ဆွေးနွေးပေးတတ်တဲ့ ဒေါက်တာနစ်ခ်ကိုရေခဲခြစ်ရောင်းတဲ့ အန်ဒီက ဖမ်းသွားပြီး ..မွန်းစတားတွေက လူတွေကိုနှိပ်စက်နေကျ စခန်းက အချုပ်ထဲမှာ ဖမ်းထားလိုက်ပါတယ် ..နစ်ခ်ဟာ မွန်းစတားတွေကို လူတွေအပေါ် အမြင်ပြောင်းသွားအောင် ပြောနိုင်ခဲ့ပေမဲ့သူတို့ အချုပ်ခန်းထဲကနေ ထွက်လာတဲ့အချိန်မှာ နစ်ခ်ရဲ့ သတို့သမီးလောင်းဖြစ်သူကစခန်းကို လာတိုက်တာနဲ့ ကြုံပါတော့တယ် အဲဒီမှာ ပစ်ကြခတ်ကြရင်းမထင်ထားတာတွေ ဖြစ်လာပါတယ် ..နစ်ခ်နဲ့ သူ့သတို့သမီးလောင်းကြားမှာ သံသယတွေနဲ့ အဆင်မပြေဖြစ်နေတာ ကြာပါပြီအဲဒီအချိန်မှာတော့ နစ်ခ်တစ်ယောက် သူ့ရည်းစားကို ဘာတွေ ဖုံးကွယ်ထားလဲဆိုတာပေါ်လာပါတော့တယ်…..နောက်ဆုံးမှာ မထင်ထားတဲ့ မြှုပ်ကွက်တွေကို ဖော်ပြသွားတာမို့စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလို့ ညွှန်းပေးပါရစေ..