How It Ends ကတော့ Comedy အမျိုးအစားဖြစ်ပြီး ကမ္ဘာပျက်ခါနီးမှာလိုင်ဇာဆိုတဲ့ကောင်မလေးက ဘဝမှာလုပ်စရာရှိနေသေးတာတွေကို နောက်ဆုံးအနေနဲ့ လိုက်လံလုပ်ဆောင်ပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။လိုင်ဇာနဲ့ သူ့ရဲ့ ရုပ်နာမ် မရှိတဲ့ ငယ်ဘဝလိုင်ဇာလေးတိုဟာ မောင်နှမဝမ်းကွဲမန်ဒီရဲ့ကမ္ဘာပျက်ပါတီကို အတူတူလမ်းလျှောက်လာရင်း လမ်းတစ်လျှောက်မှာ ကမ္ဘာ့နောက်ဆုံးနေ့ကိုပုံစံအမျိုးမျိုးနဲ့ ဖြတ်ကျော်နေကြတဲ့လူတွေနဲ့လည်း တွေ့ကြုံကြရဦးမှာပါ။မိသားစုဝင်တွေ၊ ရည်းစားဟောင်းတွေ၊ ချစ်ရသူတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေဆီသွားပြီးမပြောရသေးတဲ့စကားတွေ၊ မဖြေရှင်းရသေးတဲ့ကိစ္စတွေကို လိုင်ဇာတစ်ယောက်ပြီးပြတ်အောင်လိုက်လံလုပ်ဆောင်ပုံကို ဟာသနှော ရိုက်ကူးထားတဲ့ ကားကောင်းလေးဖြစ်ပါတယ်။