Sweet Dreams FHD

Sweet Dreams

Drama Romance FHD 2025-01-24 8.3 107 Min

အိပ်မက်တစ်ခုတည်းကိုပဲ ညစဉ်ရက်ဆက်မက်နေတဲ့ လူနှစ်ယောက်။နှစ်ဦးသား ကော်ဖီဆိုင်လေးမှာ ချစ်ကြည်နူးနေခဲ့ကြတဲ့ အိပ်မက်တစ်ခု။ဒါပေမဲ့ ကော်ဖီခွက်ကျကွဲသွားတဲ့နေရာမှာပဲ အိပ်မက်ကနေ နှစ်ယောက်လုံး နိုးလာနေကျ။ထူးဆန်းတာက သူတို့နှစ်ယောက် အပြင်မှာတစ်ခါမှ မဆုံတွေ့ဖူးခဲ့ကြပါဘူး။ကောင်လေးနာမည်က ကန်နီ။ စွန့်ပစ်ပစ္စည်းတွေကို အနုပညာဆန်ဆန် ပြန်ပြီးဖန်တီးတဲ့အနုပညာရှင်တစ်ယောက်။ ချစ်သူနဲ့ လမ်းခွဲထားတဲ့သူ။ကောင်မလေးက ဒီယာ။ စာရေးဆရာမတစ်ဖြစ်လဲအဆိုတော်မလေးတစ်ယောက်။ နှစ်နှစ်သက်တမ်းကြာတဲ့ချစ်သူတစ်ယောက်ရှိပြီး သိပ်အဆင်ပြေမနေတဲ့ဆက်ဆံရေး။ဆိုတော့ အပြင်မှာမမြင်ဖူးဘဲ အိပ်မက်ထဲမှာ ခဏခဏကြည်နူးနေကြတဲ့ သူတို့နှစ်ယောက်အပြင်မှာဆုံတွေ့နိုင်ကြမှာလား။ အိပ်မက်ထဲကလိုပဲ ကြည်နူးတဲ့အခိုက်အတန့်တွေနဲ့ ပျော်ရွှင်စွာပေါင်းဖက်သွားကြလေသတည်းဖြစ်မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။