Bloody Axe Wound FHD

Bloody Axe Wound

Comedy Horror FHD 2024-12-27 4.583 83 Min

Horror Thriller ကားတွေလည်းကြိုက်တယ် အရမ်း seriousဖြစ်တာလည်းမကြည့်ချင်သေးရင်တော့ ၂၀၂၄ ဒီဇင်ဘာကတင်ထွက်ခဲ့တဲ့ Bloody Axe Wound ကသင့်အတွက်ပါပဲ။ဇာတ်ကားမကြည့်ခင်နည်းနည်းလေးရှင်းပြထားရရင် ဒီဇာတ်ကားထဲမှာကျွန်တော်တို့ ကြည့်နေကျ လူသတ်ကားတွေ သရဲကားတွေဆိုတာဒီထဲမှာ တကယ်ဖြစ်ပျက်နေပြီး လူသတ်သမားတွေက အဲသည်လူသတ်မှုတွေကို ခွေရောင်းပြီး ဝမ်းစာရှာနေရတာပါ။ဒီဇာတ်ကားမှာတော့နာမည်ကြီးလူသတ်သမား ရော်ဂျာဘလိတ်ကတ်ရဲ့သမီးနေရာကနေကြည့်ရမှာဖြစ်ပါတယ်။ ကွင်းဆက်လူသတ်သမားတွေထဲမှာမှ ဘလိတ်ကတ်ဆိုတာ ဆယ်ကျော်သက်လေးတွေကိုမှပစ်မှတ်ထားသတ်ဖြတ်တတ်သူပါ။တစ်ချိန်က ဒီလောကရဲ့ ထိတ်ထိတ်ကြဲဖြစ်ခဲ့ပေမဲ့ အိုလာပြီဖြစ်တဲ့ဘလိတ်ကတ်နေရာကို သမီးဖြစ်သူက ဆက်ခံနိုင်ပါ့မလား၊သမီးလုပ်တဲ့သူကလည်းပစ်မှတ်တွေကိုလေ့လာဖို့ကျောင်းသွားတက်ကြည့်ရင် သူ့ရဲ့သားကောင်တွေနဲ့ရင်းနီးလာတဲ့အခါမှာရော…..ဒီဇာတ်ကားကို ဒါရိုက်တာ Matthew John Lawrence ကရိုက်ထားပြီးMolly Brown နဲ့ Billy Burkeတို့က အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။Supernatural ထဲမှာ မြန်မာပရိသတ်တွေနဲ့အရမ်းရင်းနှီးခဲ့တဲ့Jeffrey Dean Morgan ကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါထားပါသေးတယ်။