1968 ခုနှစ်လောက်က ဖြစ်ခဲ့တဲ့ ဇွန်ဘီးကပ်ဆိုးမှာ သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်အနေနဲ့ ကျင်းပပေးတဲ့ Living Dead ပွဲတော်ကြီး..ဒီပွဲတော်ကြီးကို သွားရောက်ဖို့အတွက် လက်မှတ်ကို အက်ရှ်ရဲ့မွေးနေ့လက်ဆောင်အဖြစ် သူ့ကောင်လေး ကယ်ဗင်က ပေးလိုက်တဲ့အခါ..ကယ်ဗင်နဲ့ အက်ရှ်တို့နဲ့အတူ သူတို့သူငယ်ချင်းတွေအဖွဲ့လိုက် ပွဲတော်ကို သွားရောက်ခဲ့ကြတယ်..ဇွန်ဘီးကပ်ဆိုးမှာသေဆုံးခဲ့သူတွေအတွက် ကျင်းပပေးတဲ့ပွဲကြီးမှာ တကယ့်ဇွန်ဘီးတွေ ပါဝင်လာတဲ့အခါ..အက်ရှ်တို့အဖွဲ့ဟာ ဒီကပ်ဆိုးကနေ လွတ်မြောက်ဖို့ တကယ့်ဇွန်ဘီးအစစ်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်..တဖန်ပြန်လည်ဖြစ်ပေါ်လာတဲ့ ဇွန်ဘီးကပ်ဆိုးကြီးကနေ ဘယ်သူတွေ လွတ်မြောက်သွားမလဲ? ဘယ်သူတွေ သေဆုံးသွားမလဲ? ဆိုတာကြည့်ရှုလိုက်ကြပါဉီး..