၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Mr.Right ကတော့ Romance ၊Comedy နဲ့ Action အမျိုးအစားဖြစ်ပါတယ်။ချစ်သူကသစ္စာဖောက်တာခံလိုက်ရတဲ့မာသာတစ်ယောက်အသည်းကွဲနေတုန်းမှာပဲ ကုန်စုံဆိုင်တစ်ခုမှာ လူတစ်ယောက်နဲ့တွေ့ဆုံရာကနေ အဲဒီလူရဲ့နာမည်ကိုတောင်မသိခဲ့ပေမယ့်စိတ်တူကိုယ်တူရှိလွန်းတာကြောင့် စိတ်နှစ်ပြီးချစ်မိသွားခဲ့ပါတယ်။မာသာတို့နှစ်ဉီးဟာပျော်ရွှင်စရာအချိန်တွေကိုအတူကုန်ဆုံးလာကြရင်းတစ်ရက်မှာတော့ သူ့ရဲ့ဖူးစာရှင်ပဲလို့ထင်ထားတဲ့လူက သူ့ရှေ့မှာလူသတ်လိုက်တာကြောင့် မာသာဟာ ကြောက်လန့်ပြီး လမ်းခွဲဖို့လုပ်ခဲ့ပါတယ်။အပ်ဖ်ဘီအိုင်ကလည်း မာသာ့ဆီရောက်လာပြီးသူနဲ့တွဲနေတဲ့လူဟာ ဖရန်စစ်ဆိုတဲ့နာမည်နဲ့ ပါရမီထူးတဲ့ကမ္ဘာကျော်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တယ်လို့ လာပြောခဲ့ပါတယ်။ဒါပေမဲ့ မာသာဟာဖရန်စစ်အကြောင်းပိုသိလေလေ ဖရန်စစ်ကိုပိုချစ်မိလာလေလေဖြစ်ခဲ့ပေမယ့် ဖရန်စစ်နောက်ကပါလာမယ့်ရန်သူတစ်သီတစ်တန်းကြီးရဲ့လက်ကနေမာသာတစ်ယောက်အန္တရာယ်ကင်းကင်းလွတ်မြောက်နိုင်မလားဆိုတာကိုတော့ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။