ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ကျောချမ်းဖွယ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေနဲ့တန်ဆာဆင်ထားတဲ့ Horror/Mystery & Thrillerအမျိုးအစား ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်…သူငယ်ချင်းအပေါင်းအဖော်တစ်စု Staycation ထွက်ကြရင်းတည်းခိုရာအိမ်အလွဲအချော်ဖြစ်သွားရာမှ ကလေးပုံပြင်တွေထဲကGoldilocks နဲ့ ဝက်ဝံသုံးကောင်ကို စွဲလန်းနေကြတဲ့စိတ္တဇလူသတ်သမားများရဲ့ပဟေဠိဆန်ဆန် လိုက်လံသတ်ဖြတ်ခံကြရပုံကို ထိတ်လန့်တုန်လှုပ်ဖွယ် ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်…Horror အမျိုးအစား ရုပ်ရှင်တွေကို အမြဲရိုက်ကူးလေ့ရှိတဲ့ဒါရိုက်တာ Craig Rees ရဲ့နောက်ထပ်တစ်ကားဖြစ်ပြီးOlga Solo ၊ Abigail Huxley စတဲ့ မျက်နှာသစ်မင်းသမီးချောတွေနဲ့ အားဖြည့်တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားလေးဟာR-rated ဆန်ဆန် သတ်ဖြတ်မှုတွေကိုမှသဘောကျပါတယ်ဆိုတဲ့အသည်းမာမာ ရုပ်ရှင်ချစ်သူတွေအတွက်သာဖြစ်ပြီး စိတ်နှလုံးမခိုင်သူပရိသတ်များ ရှောင်ရှားသင့်တဲ့ကားလေးဖြစ်တယ်ဆိုတာလည်း စေတနာအပြည့်နဲ့ သတိပေးရင်း…Staycationထွက်ကြတဲ့ သူငယ်ချင်းအပေါင်းအဖော်တစ်စုရဲ့ဝိဉာဉ်လွင့်ဖွယ်ညှင်းပန်နှိပ်စက်ခံရမှုတွေကို CM ပရိသတ်များခံစားကြည့်ရှုနိုင်ကြစေဖို့ ဒီရုပ်ရှင်ကားလေးကို ညွှန်းဆိုလိုက်ရပါတယ်…