Rating 7.1 အထိရရှိထားတဲ့ Animation ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…အဲလစ်စ်ဆိုတဲ့ကောင်လေးဟာ သူ့မွေးနေ့မှာမတွေ့တာကြာနေပြီဖြစ်တဲ့ ဦးလေးစတီးဝါ့ဒ်ဆီကနေနင်ဂျာရုပ်လေးတစ်ရုပ်လက်ဆောင်ရခဲ့ပါတယ်…နင်ဂျာရုပ်လေးဟာ တကယ့်အပြင်ကပုံမှန်နင်ဂျာသမားတွေလို အနက်ရောင်အင်္ကျီနဲ့ဖြစ်မနေဘဲအင်္ကျီအကွက်လေးနဲ့ဖြစ်နေပါတယ်… ဒါ့အပြင်ပိုထူးဆန်းတာက နင်ဂျာလေးဟာ အသက်ရှိနေတာပဲဖြစ်ပါတယ်…အမြဲတမ်းမဝံ့မရဲနဲ့ဖြစ်နေတတ်တဲ့အဲလစ်စ်ဟာ နင်ဂျာရုပ်လေးရဲ့ကျေးဇူးနဲ့ဘယ်လိုတွေဆက်ဖြစ်လာမလဲ…သူတဖက်သတ် ကြိတ်ပြီး ချစ်နေရတဲ့ ကောင်မလေးကရော သူ့လိုငကြောက်လေးကိုပြန်ချစ်လာနိုင်ပါ့မလားနင်ဂျာရုပ်လေးကသူ့ကိုကူညီသလို သူကလဲနင်ဂျာရုပ်လေးကိုဘယ်လိုပြန်ကူညီရမှာလဲ…နင်ဂျာရုပ်လေးကရော ဘာ့ကြောင့် အင်္ကျီအကွက်လေးနဲ့ဖြစ်နေပြီးတော့ အသက်ဝင်နေရသလဲဇာတ်လမ်းလေးကိုကြည့်ရင်းအဖြေရှာကြည့်လိုက်ပါ