Girl Walks Into a Bar HD

Girl Walks Into a Bar

Comedy HD 2011-03-07 5.196 80 Min

ကြည့်ဖူးနေကျ ဇာတ်ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ 2011 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် ဇာတ်ကားတွေမှာအဓိကသရုပ်ဆောင်တွေက ၁ ယောက် ၂ ယောက်ပဲပါပေမဲ့ ဒီဇာတ်ကားမှာ တွေ့ရမဲ့ဇာတ်ကောင်တိုင်းကတော့ သူ့ဘ၀နဲ့သူ သူ့ဇာတ်ကြောင်းနဲ့သူ အဓိကဇာတ်ဆောင်တွေဖြစ်နေကြတာပါပဲ။ဇာတ်ကြောင်းဆိုပြီးတစ်ခုတည်း ခွဲထွက်နေတာမရှိသလို ဟိုရောက်ဒီရောက်နဲ့ ကြည့်ရမှာဆိုပေမဲ့တစ်မူထူးခြားနေလို့ ရိုးရိုးတွေကို အီနေပြီဆိုရင် ဒီကောင်လေးက မဆိုးဘူးလို့ပြောရမှာပါပဲ။ဇာတ်ကားနာမည်ကတော့ Girl Walk Into A Bar ဖြစ်ပြီး IMDb Rating 5.6 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်း ကောင်မလေးတစ်ယောက် ဘားတစ်ခုထဲ ဝင်လာတာကနေဇာတ်လမ်းစထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ တစ်ယောက်ချင်းစီတိုင်းရဲ့ အကြောင်းအရာတွေကိုချိတ်ဆက်ပြသသွားမှာဖြစ်တာမို့ ဇာတ်လမ်းအကျဉ်းချုပ်ရယ်ဆိုပြီး မရှိတဲ့အတွက်ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ဖို့ ညွှန်းပေးလိုက်ပါတယ်။