Anjaana Anjaani HD

Anjaana Anjaani

Comedy Drama Romance HD 2010-09-24 6 151 Min

၂၀၁၀ကထွက်ရှိခဲ့တဲ့ ရန်ဘီးကပူးနဲ့ပရီယန်ကာချိုပရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇင်ဘာလ ၃၁ရက်နေ့ည ၁၂နာရီအတိမှာ သတ်သေဖို့ဆုံးဖြတ်ခဲ့ကြတဲ့ လူနှစ်ယောက်။သတ်သေဖို့ဆိုတာက အဖော်ရယ်အပေါင်းရယ် လိုလားမသိပေမဲ့ ကံကြမ္မာကသတ်သေဖို့ဆိုတဲ့ အကြောင်းတရားတစ်ခုပေါ်မှာ သူတို့နှစ်ယောက်ကိုဆုံစည်းစေခဲ့တယ်။သတ်သေဖို့ရက်ကို သူတို့ဆုံးဖြတ်ခဲ့ကြတဲ့နေ့က ဒီဇင်ဘာလ ဆယ့်တစ်ရက်နေ့။ကြားထဲကရက်နှစ်ဆယ်မှာ သူတို့တွေ မလုပ်ဖြစ်လိုက်တဲ့၊လုပ်ဖို့အကြောင်းမတိုက်ဆိုင်ခဲ့တဲ့ဆန္ဒတစ်ခုကိုဖြည့်ဆည်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။အမှောင်ထုဆီကို တွန်းပို့လိုက်တဲ့ ကံကြမ္မာကသူတို့နှစ်ယောက်ကို မျှော်လင့်ချက်အလင်းရောင်ဆီပြန်ပြီးခေါ်ဆောင်လာမှာလား။သူတို့ဆုံးဖြတ်ချက်အတိုင်းပဲ အဆုံးသတ်သွားမှာလားဆိုတာကိုဒီအချစ်ဇာတ်လမ်းလေးမှာ ကြည်နူးလွမ်းဆွတ်ဖွယ် ခံစားကြည့်ရှုကြပါဦး။