2010 ခုနှစ်မှာထွက်ရှိထားတဲ့ ဇာတ်လမ်းဆိုပေမယ့် 2001ခုနှစ်ဝန်းကျင်လောက်ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေမှာအတိတ်ကဖြစ်ရပ်ဆိုးတစ်ခုရဲ့ရိုက်ခက်မှု တစ်ခုဆီနဲ့ဇာတ်အိမ်ကိုတည်ထားပါတယ်။ညီမလေးကို အရမ်းချစ်တဲ့ တိုင်လာဟာ အဖေဖြစ်သူကစီးပွားရေးကိုသာ ဦးစားပေးပြီးမိသားစုရေးရာကိစ္စတွေမှာလစ်ဟာနေတယ်လို့ ထင်တဲ့အတွက် အဖေနဲ့ အမြဲ ပြသနာဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး လမ်းပေါ်ကရန်ပွဲတစ်ခုကို ဝင်ရောက်ဖြေရှင်းရင်းရာကနေ ရဲတစ်ယောက်နဲ့ပြသနာဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဲဒီ ရဲဖြစ်သူရဲ့သမီး နဲ့ ဇာတ်လမ်းဖြစ်ကြရာမှာ………ဒီဇာတ်လမ်းအမျိုးအစားက Drama/Romance အမျိုးအစားဖြစ်ပြီး IMDb rating ကတော့ 7.2/10ထိရရှိထားပါတယ်။ Dramaဇာတ်လမ်းကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။