ခင်ဗျားက အလုပ်မှာ ရာထူးတိုးတယ်ဗျာ။ ကောင်းတာပေါ့။ခင်ဗျား သမီးဦးလေးရတယ်ဗျာ။ အတိုင်းထက်အလွန်ပေါ့။လက်ထောက် ဘဏ်မန်နေဂျာ အန်ဒီမက်နေရီက အဲ့လိုလူ။လတ်တလောမှာ ရာထူးလည်းတိုး သမီးဦးလေးလည်းရတဲ့ဘဏ်မန်နေဂျာ အန်ဒီမက်နေရီ တစ်ယောက် ဖြစ်ချင်တော့သူ့အမျိုးသမီးက သူ့သူငယ်ချင်းတွေနဲ့ နိုက်အောက်ထွက်ပြီးသူ ကလေးထိန်း တာဝန်ကျတဲ့ညကျမှသူ့သမီးကို လူဆိုးတွေကပြန်ပေးဆွဲသွားပါလေရော။ရဲတိုင်ဖိုကျတော့လည်း သူ့မှာ လူသိခံလိုမရတဲ့ ကိစ္စတစ်ခုရှိနေတယ်။ဆိုတော့ သူ့ရဲ့ လျှိဝှက်ချက်က ဘာလဲ…သူ့သမီးကို လူဆိုးတွေလက်ကနေ ဘယ်လိုကယ်မှာလဲ….ကလေးကိုရော တကယ်ကယ်နိုင်မှာလား…..အသည်းတယားယားနဲ့ ကြည့်ရမယ့် ထိတ်လန့်သည်းဖိုဇာတ်ကားလေး ဖြစ်ပါတယ်….