“Retreat Vama Veche” ဆိုတဲ့ရိုမေးနီးယားရုပ်ရှင်က Eva ဆိုတဲ့ဇာတ်ကောင်ဟာ သူ့ရဲ့မေ့မရနိုင်တဲ့ဘဝဇာတ်လမ်းကို ပြန်ပြောပြတဲ့ပုံစံအဖြစ်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အစကိုတော့ Evaနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးနဲ့အစပြုထားပါတယ်။Evaဟာ သူမင်္ဂလာဆောင်ဖြစ်မဲ့အချိန်ကျရင်Vamaဆိုရဲ့ရွာလေးကိုအတူတူပြန်လာကြမယ်လို့ ကတိပေးခဲ့ပါတယ်ကတိပေးထားတဲ့အတိုင်းကမ်းခြေရွာလေးကို သုံးယောက်သားပြန်သွားဖြစ်တဲ့အခါ Evaတို့က မထင်မှတ်ထားတဲ့အရာတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတော့တယ်။အကြောင်းကတော့ Evaဟာ ငယ်စဥ်ကတည်းကချစ်ခဲ့ရပြီးအကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားခဲ့တဲ့ မေ့မရနိုင်ခဲ့တဲ့ငယ်ချစ်ဦးနဲ့ပြန်တွေ့ခဲ့ရလို့ပါပဲ။ သူ့ငယ်ချစ်ဦးကလည်းမိန်းမရနေပြီးသားဖြစ်နေပါတယ်။ အဲ့လိုနဲ့ Eva က အကြောင်းပြချက်မပေးဘဲပျောက်ကွယ်သွားရခြင်းရဲ့အမှန်တရားကိုသိရဖို့ကြိုးစားပါတော့တယ်။Evaက အမှန်တရားကို သိရဖို့ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမှာလဲ။အမှန်တရားကို လက်ခံနိုင်ခဲ့သလား စတာတွေကိုကြည့်ရှူခံစားရမယ့်အပြင် comedy ကားလေးဖြစ်တာမိုလို့ တစ်ကားလုံးမပျင်းရဘဲသူငယ်ချင်းသုံးယောက်ရဲ့ ဘဝအခက်အခဲပြဿနာတွေကိုပေါ့ပေါ့ပါးပါးနဲ့ ကြည့်နိုင်မဲ့ကားလေးလည်းဖြစ်ပါတယ်။