ကမ္ဘာကြီးရဲ့ မြောက်ဝင်ရိုးစွန်းအနီးက စကင်န်ဒီနေးဗီးယန်းဒေသတစ်ဝိုက်ဟာ ရာသီဥတုပြင်းထန်လွန်းတဲ့ဒေသဖြစ်သလိုဆောင်းတွင်းရောက်ပြီဆိုတာနဲ့ နေ့တာအရမ်းတိုတောင်းပြီးနေကိုမမြင်ရလောက်တဲ့အထိ အေးခဲတဲ့အပြင် ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကလည်း အေးခဲလို့ပါပဲ။ဒီလိုရေခဲပြင်အပြည့်နဲ့ အေးခဲနေတဲ့ရာသီဥတုကြီးထဲမှာငါးဖမ်းထွက်နေကြသူတွေလည်းရှိနေပါတယ်။မစ္စအီဗာ ဟာ ခင်ပွန်းဖြစ်သူ ဆုံးပြီးနောက်မှာငါးဖမ်းစခန်းကိုဆက်လက်ဦးစီးပြီး လည်ပတ်နေသူတစ်ယောက်ပေါ့၊ငါးဖမ်းထွက်ဖို့တာဝန်ကိုတော့ ပဲ့ထိန်းဖြစ်သူ မက်ဂနာ နဲ့အဖွဲ့သားတွေက တာဝန်ယူပါတယ်။တစ်ရက်မှာတော့ ငါးဖမ်းထွက်ဖို့ပြင်ဆင်နေရင်းမလှမ်းမကမ်းကရေခဲကျောက်ဆောင်တွေကြားမှာ သင်္ဘောတစ်စီးပျက်စီးဒုက္ခရောက်နေတာကိုတွေ့လိုက်ရပါတော့တယ်။ဒီနစ်မြုပ်သွားတဲ့ သင်္ဘောကြီးရဲ့ ကံကြမ္မာဆိုးက မစ္စအီဗာတို့ရဲ့တံငါသည်စခန်းလေးကိုလာရိုက်ခတ်တဲ့အခါမှာတော့ ….ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်ထွက် Thriller ဆန်ဆန်ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။စကင်န်ဒီနေးဗီးယန်း ဒေသက ခက်ခဲကြမ်းတမ်းတဲ့ ဘဝနေထိုင်မှုပုံစံတွေကိုကွက်ကွက်ကွင်းကွင်း ရိုက်ကူးထားပြီးတော့ အေးခဲခက်ထန်တဲ့ဘဝတွေကြားထဲက နွေးထွေးမှုလေးကို လှစ်ဟပြီးတင်ဆက်ပြသရင်း Thriller အရသာ စစ်စစ်ကို ကြည့်ရင်းတွေးရင်းနဲ့ခံစားမိစေမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျာ။