2022ခုနစ်က ထွက်ရှိခဲ့တဲ့ Adult Swim Yule Logရဲ့အဆက် ဟော်ရာရုပ်ရှင်ပေါ့။ မီးလောင်နေတဲ့သစ်တုံးပျံကြီးကနေ လွတ်မြောက်ရှင်ကျန်ခဲ့ပေမဲ့ သူ့ရှေ့မှာသေသွားတဲ့ ရည်းစားနဲ့ တခြားသူတွေကြောင့်စိတ်ဒဏ်ရာရနေခဲ့တဲ့ ဇိုဝီ။ ဘယ်ကိုသွားသွား ပုဆိန်တစ်လက်နဲ့ဖြစ်တာရော၊ သစ်တုံးပျံကြီးကို ပြန်ပြန်မြင်ယောင်ပြီး ကယောင်ကတမ်းတွေအော်နေတို့ အလုပ်မှာလည်း အဆင်မပြေဖြစ်နေရတယ်စိတ်ပြေလက်ပျောက်ဆိုပြီး ခရီးထွက်လာကာမှ မစ်တေးတိုးဆိုတဲ့ မြို့ငယ်လေးမှာ ပိတ်မိသွားရာကစ သစ်တုံးပျံကြီး သူ့ကိုလာသတ်တော့မှာဆိုတဲ့စိတ်နဲ့ မြို့ငယ်လေးကနေ ထွက်ရဖို့အရေးကြိုးစားပါတော့တယ်။