ယခုတစ်ခါမှာတော့ တေလ်ဂူ psychological thrillerဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဆိုက်ကိုဆန်ဆန် ထိတ်လန့်မှုတွေနဲ့ ဇာတ်လမ်းလေးကဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦး။ဆင်ဒူဆိုတဲ့ကောင်မလေးတစ်ယောက် သူကတော့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေများနေပြီး ဘယ်အရာမဆို ကြောက်တတ်တဲ့ကောင်မလေးပေါ့။မိသားစုကလည်း အလိုလိုက်ထားခဲ့ပြီးတော့ အကုန် အရိပ်တစ်ကြည့်ကြည့်နဲ့ကြည့်နေပေးရသူတစ်ယောက်ပေါ့။ဆင်ဒူမှာ ဘင်ဒူဆိုတဲ့သူငယ်ချင်းလည်းရှိခဲ့ပြီးတော့ ငယ်ငယ်လေးကတည်းကပေါင်းလာခဲ့ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပါ။အထီးကျန်ဆန်တဲ့ ဆင်ဒူရဲ့ ဘဝထဲကို ဆန်ပတ်ဆိုတဲ့ကောင်လေးရောက်လာတဲ့အခါမှာတာ့ သူတို့တွေ အရမ်းကို ချစ်ကြတဲ့ချစ်သူတွေ ဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာ ဆန်ပတ်ဟာ အလုပ်ကိစ္စနဲ့ တစ်ပတ်လောက်ခရီးထွက်ဖို့ ဖြစ်လာခဲ့ပြီး သွားမယ့်နေရာကလည်းလိုင်းမမိတဲ့နေရာဖြစ်နေတဲ့အခါမှာတော့ ………နဂိုကတည်းက အတွေးများပြီး ကြောက်တတ်တဲ့ ဆင်ဒူတစ်ယောက်ဆန်ပတ်ကို ဆက်သွယ်လို့မရတဲ့အတွက် ဘယ်လိုအတွေးတွေများပြီးဆိုက်ကိုတွေ ဖောက်လာမလဲ ….ဒီရူးသွပ်မှုတွေကနေ သူ့အတိတ်ဘဝက အမှန်တရားတွေရဲ့လက်ကနေဘယ်လို လွတ်မြောက်အောင် ကြိုးစားသွားမလဲ ……ဆိုတာတွေကို ရှုစားရမှာဖြစ်ပါတယ်။ တကယ့် ဖြစ်ရပ်မှန်ပေါ်အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်ကားလေးဖြစ်လို့အထိတ်တလန့် ဇာတ်ကွက်တွေနဲ့ အတူတူ လိုက်ပါစီးမြောခံစားကြည့်လိုက်ကြပါဦး။