မက်သရူးက အမေရိကန် အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးအမြဲတမ်းလိုလို စစ်ဆင်ရေး ထွက်နေရသူတစ်ယောက်ပါ။တစ်နေ့မှာတော့ သူ စစ်ဆင်ရေးထွက်နေတဲ့အချိန်မှာ ဇနီးဖြစ်သူကိုယူတိုးပီးယား ဆိုတဲ့ အဖွဲ့အစည်းကနေ ဖမ်းခေါ်သွားပါတော့တယ်။ယူတိုးပီးယားအဖွဲ့ဟာ ကမ္ဘာအနှံ့က အမျိုးသမီး ချောချောလှလှလေးတွေကို စုဆောင်းပြီး ဥာဏ်ရည်တုနည်းပညာသုံးပြီးဇီဝရုပ်ကို ပြုပြင်ပြီးတော့ အထက်တန်းလွှာတွေကို လိင်ပိုင်းဆိုင်ရာဖျော်ဖြေပေးတဲ့လုပ်ငန်းမှာ ပြန်အသုံးချနေတာဖြစ်ပါတယ်။မက်သရူးရဲ့ မိန်းမဖြစ်သူ အလက်စစ်နဲ့ တခြားမိန်းကလေးပေါင်းများစွာကိုလည်း ဖမ်းခေါ်ထားပြီးတော့ မှတ်ဥာဏ်တွေဖျောက်ပစ်ပြီးသူတို့လုပ်ငန်းထဲမှာပြန်အသုံးချနေတာပါ။ဒီလိုနဲ့ပဲ မိန်းမဖြစ်သူ ပျောက်သွားတဲ့အခါ မက်သရူးတစ်ယောက်မစ္စတာဝိုက် အနေနဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ဟန်ဆောင်ပြီး ယူတိုးပီးယားကိုလာခဲ့ပါတော့တယ်။ မစ္စတာ ဝိုက်တဖြစ်လည်းမက်သရူးတစ်ယောက်သူ့မိန်းမကို ကယ်ထုတ်သွားနိုင်မလား၊ ယူတိုးပီးယား ဆိုတဲ့ အဖွဲ့အစည်းကြီးနဲ့ သူတို့ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကိုအက်ရှင်ခန်းတွေအပြည့်နဲ့ ရှုစားရမှာဖြစ်ပြီးအမျိုးသမီးချောချောလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာပြကွက်တွေ အများအပြားပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုဖို့တော့ မသင့်တော်ကြောင်းပါခင်ဗျာ။