ဒီဇာတ်ကားတော့ Aurora Teagarden Mysteries Franchise ထဲက ဇာတ်ကားကောင်းတစ်ခုပါ။အထူးသဖြင့် ပဟေဋိဆန်ဆန် မှုခင်းဇာတ်ကားတွေကို သဘောကျနှစ်သက်တဲ့သူတွေအတွက်တော့လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ဇာတ်လမ်းကိုတော့ စားသောက်ဆိုင်တစ်ခုမှာ လူသတ်မှုဖြစ်ရာကနေ ဇာတ်အိမ်တည်ထားပါတယ်။အမီလီယိုဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်ကြီးဟာစားသောက်ဆိုင်လောကရဲ့ အခွန်တိုးတဲ့ကိစ္စကြောင့် စိတ်သောကရောက်နေရပေမယ့် တစ်ချိန်က သူငွေကြေးပြေလည်ခဲ့တဲ့အချိန်မှာသူ့ပြည်နယ်တစ်ဝိုက်ကသူတွေအားလုံးကို စိတ်စေတနာသန့်သန့်နဲ့ လိုအပ်သူတွေကို အလကားခေါ်ပြီးကျွေးမွေးတဲ့အပြင် ပရဟိတပါအရမ်းလုပ်လို့ တစ်မြို့လုံးက သူ့ကိုချစ်ခင်နေကြသူပါ။ဒါပေမဲ့ တစ်ညမှာ အမီလီယို့ဝန်ထမ်းတစ်ယောက်ဟာ ပစ္စည်းကျန်ခဲ့လို့ သွားရှာရင်းအမီလီယိုတစ်ယောက် မီးဖိုချောင်ထဲမှာသေနေတာကိုမြင်ခဲ့ရပါတယ်။ဒီလိုနဲ့ပဲ အော်ရိုရာဂါးဒန်းဆိုတဲ့ အမီလီယို့ရဲ့ဝန်ထမ်းကောင်လေးတစ်ယောက်၊ စာကြည့်တိုက်မှူးလည်းဖြစ်သူတစ်ယောက်ဟာဒီအမှုကြီးကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။