Blended Christmas HD

Blended Christmas

Family HD 2024-12-25 8.3 82 Min

လက်ထပ်ပြီးခါစ ကြင်စဉီးဇနီးမောင်နှံနှစ်ယောက်ဟာ ဟန်းနီးမွန်းခရီးထွက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ဖြစ်ချင်တော့ အမျိုးသားဖြစ်သူရဲ့ ဇနီးဟောင်းဟာ ရုတ်တရက်ကားအက်ဆီးဒင့်ဖြစ်ပြီးဆေးရုံတင်လိုက်ရတဲ့အထိဖြစ်သွားပါတယ်။ဒီလိုနဲ့ အမျိုးသားဟာ သူ့ရဲ့အရင်မိန်းမနဲ့ရထားတဲ့ ကလေးနှစ်ယောက်ကို ဒီတိုင်းမချန်ခဲ့နိုင်ဘူးဆိုပြီး သူ့အရင်မိန်းမကို သွားကြည့်ရင်း ကလေးတွေကိုခဏတဖြုတ်အုပ်ထိန်းဖို့ဖြစ်လာပါတယ်။ဒီလိုနဲ့ သူ့ရဲ့ပထမဆုံးအကြိမ်ဖြစ်တဲ့ ဟန်နီးမွန်းကို မသွားလိုက်ရတဲ့ ဇနီးသစ်လေးက အမျိုးသားအပေါ် ကတောက်ကစဖြစ်လာပါတယ်။ခရစ်စမတ် အချိန်ကလည်းရောက်လုနီးပြီဖြစ်၊ ကောလိပ်ကတည်းက ချစ်ကြိုက်လာကြပေမယ့်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာဝေးကွာခဲ့ရတဲ့ ဇနီးဖြစ်သူဟာဆုံးရှုံးခံရတဲ့မိခင်ဖြစ်သူအကြောင်းစဉ်းစားမိရင်းသူနောက်ထပ်အရမ်းချစ်ရတဲ့ ခင်ပွင်းဖြစ်သူကိုပါ ဆုံးရှုံးရတော့မှာကို ​တွေးယောင်ပြီး ဝမ်းနည်းနေရှာပါတယ်။ဒါပေမဲ့ နတ်သမီးတစ်ယောက်ကလူဖြစ်ဟန်ဆောင်ပြီး ဇနီးဖြစ်သူကို အဘက်ဘက်ကနေ ကူညီပေးတဲ့အခါမှာတော့ မင်းသမီးတို့ မိသားစု ခရစ်စမတ်ကို လူစုံတက်စုံဘယ်လိုဖြတ်သန်းကြမလဲဆိုတာကို ရသမျိုးစုံခံစားရမှာပဲဖြစ်ပါတယ်။