ဒီတစ်ခါ cm ပရိသတ်ကြီးကို အင်္ဂလိပ်စကားပြော ဆွီဒင်ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အားလပ်ရက် ပိတ်ရက်ခရီးထွက်လာကြတဲ့ မိသားစုတစ်စုဟာ ဆွီဒင်နိုင်ငံက အစွန်အဖျားကျွန်းလေးတစ်ခုဖြစ်တဲ့ ဆဗယ်တာဆိုတဲ့ ကျွန်းဆီကို ခရီးထွက်လာခဲ့ကြတာပါ။ ဒီကျွန်းမှာ ဆယ်နှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်တဲ့ကရန်တန်ပွဲကို ဆင်နွှဲလေ့ရှိပါတယ်။ကရန်တန်ပွဲတော်ဆိုတာက လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က ကူးစက်ရောဂါကြီး ဖြစ်ပွားနေကြချိန်တစ်ကျွန်းလုံးကို အားလုံးနဲ့အဆက်အသွယ်ဖြတ် ကွာရန်တင်းလုပ်ခဲ့တာကို အစွဲပြုပြီးခေါ်ဆိုတဲ့ နာမည်တစ်ခုပါ။ ဒီမိသားစုဟာ ကရန်တန်ပွဲတော်ချိန်ခါဒီကျွန်းကို ရောက်လာချိန်မှာ နယ်ခံအားလုံးက သူတို့ကိုမလိုလားဟန်ပြပေမယ့် အရေးမစိုက်ဘဲ ခေါင်းမာမာနဲ့ ဆက်ပြီး နေခဲ့ကြပါတယ်။ဒီလိုနဲ့ ကရန်တန်ပွဲနေ့ကို ရောက်လာချိန်မှာတော့….။ဒီဇာတ်ကားလေးမှာ လူတွေဟာ အချိန်မရွေး သားကောင်ကနေ မုဆိုးမုဆိုးကနေ သားကောင်ဘဝကိုရောက်သွားနိုင်တယ်ဆိုတာ ထင်ဟပ်ပြသထားနိုင်သလို စိတ္တဇ လူသတ်သမားဆိုတာ ထင်မထားသူဖြစ်နေနိုင်ပြီး ချိုပေါက်နေတာ မဟုတ်ဘူးဆိုတာပါပဲ။