၂၀၂၄ ခုနှစ်ထွက် Don Q ဇာတ်ကားဟာ အမေရိကန်နိုင်ငံကအီတလီရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ Don Q ဆိုတဲ့အီတလီလူမျိုးတစ်ယောက်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။သူက သူ့ဘာသာသူ မာဖီးယားခေါင်းဆောင်တစ်ယောက်လို့ထင်နေပြီ သူနေထိုင်တဲ့ အီတလီရပ်ကွက်လေးကို စောင့်ရှောက်ဖို့ကြိုးစားနေသူတစ်ယောက်ပါ။တစ်နေ့တော့ သူ့ရပ်ကွက်ထဲကို ထောင် နှစ် ၂၀ကျပြီးပြန်ရောက်လာတဲ့တကယ့်မာဖီးယားခေါင်းဆောင် ရောက်လာတဲ့အခါမှာ ဘယ်လိုတွေဖြစ်ပြီး ဘယ်လိုဖြေရှင်းကြမလဲ အဆုံးသတ်က ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ Crime, comedy,dramaဇာတ်ကားလေးဖြစ်ပါတယ်။