အသစ်ထွက်ရှိလာတဲ့ မင်းသားကြီး Vijay Sethupathi ရဲ့အက်ရှင်ရုံကားအသစ်ကို အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်Viduthalai Part 1(2023) ရဲ့ အဆက်ဖြစ်ပြီး ဗီဂျေးကတော်လှန်ရေးခေါင်းဆောင်တစ်ယောက်အဖြစ်ပြန်လည်ပါဝင်ထားကာ Soori, Manju Warrier တို့က အားဖြည့်ထားပါတယ်ပီရူမယ်ဆိုတာ အစတုန်းက သာမန်ကျောင်းဆရာလေးတစ်ယောက်ဖြစ်ပြီးကာရူပန်ဆိုတဲ့ စာမတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့စကားကြောင့်လူတန်းစား သာတူညီမျှရှိရေးကို သူသဘောပေါက်လာခဲ့တယ်ယုတ်မာရိုင်းစိုင်းတဲ့အထက်တန်းလွှာတစ်စုရဲ့ နိုင်ထက်စီးနင်းလုပ်မှုကြောင့်ကာရူပန်ဒုက္ခရောက်တဲ့အခါမှာ အတတ်နိုင်ဆုံးကယ်ဖို့ကြိုးစားခဲ့ပေမဲ့တရားဥပဒေကိုယုံမိလို့ ကာရူပန်ကိုဆုံးရှုံးလိုက်ရတဲ့နောက်မှာစိတ်ပိုင်းဖြတ်ပြီး သူ့လူတွေရဲ့ခေါင်းဆောင်တစ်ယောက်နေရာကို သူဘယ်လိုရောက်လာခဲ့လဲဒီအကြောင်းတွေ တဖြည်းဖြည်းနားလည်လာတဲ့ ကူမာရီဆာဆိုတဲ့ရဲကရော ဘယ်လမ်းကို ရွေးချယ်သွားမလဲ ဆိုတာကတော့ —–