အကြွေးတွေပိနေတဲ့ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ Zhong Zheng တစ်ယောက်ဟာအချိန်မှီအကြွေးတွေမဆပ်နိုင်တဲ့အတွက် ကြံရာမရဖြစ်နေပါတယ်။အဲဒီအချိန်မှာပဲ ဘိုးဘွားအမွေရွှေချောင်းတွေရှိကြောင်းသိလိုက်ရပြီးရွှေတူးဖို့ကြံစည်ပါတော့တယ်။ဖြစ်ချင်တော့ ဘိုးဘွားအိမ်အဟောင်းနေရာကိုကိုလိုခေတ်နီခေတ်မှာ အင်္ဂလိပ်ပိုင်သိမ်းလိုက်ပြီးလက်ရှိမှာ အကျဉ်းထောင်ဖြစ်နေတော့Zhong Zheng မှာသားရဲတွင်းထဲခုန်ချရသလိုပဲပေါ့။ဘိုးဘွားပိုင်ရွှေချောင်းတွေကိုရှာဖို့စတောင်မစရသေးခင်မှာပဲထောင်တွင်းဂိုဏ်းစတား၂ယောက်ဖြစ်တဲ့ Brother Xieနဲ့Brother Da Biao တို့အင်အားပြိုင်မှုထဲကိုဆွဲထည့်ခံရတော့ အလူလူအလဲလဲပေါ့။အကြိမ်ကြိမ်ကယ်တင်ပေးခဲ့တဲ့ညီအကိုချင်းသစ္စာတရားကိုအလေးထားတဲ့Brother Xie ကိုပြောပြပြီး အတူရှာကြပါတယ်။သူတို့၂ယောက်အတူ ရွှေချောင်းကိုရှာတွေ့မလားရက်စက်ယုတ်မာတဲ့ Da Biao ရန်ကနေဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို သွေးသန်ရဲရဲ ပီပြင်တဲ့တိုက်ခိုက်ချက်တွေနဲ့ ကြည့်ရမှာပါ။