Kahar: Kapla High Council FHD

Kahar: Kapla High Council

Action Crime Drama FHD 2024-11-28 5.4 102 Min

2024 ခုနှစ်မှာထွက်ရှိခဲ့ပြီး Fight scenes တွေရောဇာတ်လမ်းရော ရေလည်မိုက်တဲ့ မလေးရှားရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ ၂၀၀၅ ခုနှစ်မှာ စပြီး ဇာတ်အိမ်တည်ထားတာပါ။ကူဒရတ်ဆိုတဲ့ ကောလိပ်ရဲ့ စည်းမျဉ်းတွေက ထူးခြားပါတယ်။အဲဒီကောလိပ်မှာ တက်တဲ့ ကျောင်းသားတွေကို ဟယ်ရီပေါ်တာထဲကလိုHouse တွေခွဲထားပြီး House တစ်ခုကို ကိုယ်စားပြုခွင့်ရတဲ့ကျောင်းသားကအထက်ကောင်စီဆိုတဲ့အဖွဲ့ထဲကို ဝင်ခွင့်ရပါတယ်။ကိုယ့်ရဲ့ House ရဲ့ ကိုယ်စားပြုချင်တဲ့ ကျောင်းသားတွေဟာလက်ရုံးရည်ချင်းယှဉ်ပြိုင်ရတာဖြစ်ပြီး ကိုယ်စားပြုဖြစ်ခွင့်ရရင်အခွင့်အရေးတွေလည်း အများကြီးရပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက် ကာဟာကတော့ အဲဒီကောလိပ်ကိုသူ့ဆန္ဒမပါဘဲရောက်လာတဲ့ ခပ်အေးအေးကျောင်းသားလေးပါ။ကာဟာက ဘာမှမထူးချွန်ပေမဲ့ သူ့ရဲ့ အဖေနဲ့ အစ်ကိုကတော့အဲဒီကောလိပ်ရဲ့သမိုင်းမှာအထူးချွန်ဆုံးကျောင်းသားတွေဖြစ်ခဲ့ကြသူတွေပါ။အဲဒီလို အဖေရဲ့ဖိအားတွေ အစ်ကိုရဲ့ဖိအားတွေကို ထမ်းပိုးထားရတဲ့ကာဟာတစ်ယောက်သူ့ရဲ့ခံနိုင်ရည်ကိုကျော်လွန်သွားချိန်မှာတော့ ထိန်းချုပ်မှုတွေလွတ်သွားပြီးလုံးဝမတူတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံ၊နောက်ဆက်တွဲကိစ္စွတွေကြုံတွေ့ရပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာဖြစ်ပါတယ်…။