Vanishing on 7th Street HD

Vanishing on 7th Street

Horror Thriller Mystery HD 2010-09-11 5.318 92 Min

လူစည်ကား ပုံမှန်လည်ပတ်နေတဲ့ မြို့လေးတမြို့မှာ တနေ့ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ။ဘယ်သူမှ ဖော်ထုတ်လို့မရတဲ့ အကြောင်းအရာ တခုခုကြောင့် မီးတွေပျက် လူတွေ ရုတ်တရက် ထူးဆန်းစွာပျောက်ဆုံးသွာပါတယ်။ကားတွေ အဝတ်တွေ ပိုင်ဆိုင်မှုတွေ စားသောက်ကုန်တွေ ဘယ်အရာမှ မပျောက်ပဲ လူတွေပဲ ပျောက်သွားတာပါ။အသက်ရှင်ကျန်သူ လူတချို့က အလင်းမရှိတဲ့နေရာမှာ အရိပ်တွေက လူတွေကိုဖမ်းစားနေတယ်ဆိုတာ သိလာတဲ့အခါ ဘယ်လိုဆက်လုပ်ကြမလဲ။ရှင်ကျန်သူ လူတချို့တည်းကမှ ဂျာနယ်လစ် လုခ်၊ သူနာပြု ရို့စ်မယ်ရီ၊ ၁၂ အရွယ်ကောင်‌လေး ဂျိမ်းစ်နဲ့ ရုပ်ရှင်ဆရာ ပေါလ်တို့မီးစက်နဲ့ လည်ပတ်နေတဲ့ ဘားလေးတခုမှာ စုံကြတဲ့အခါ။ဓါတ်ဆီကလဲ ကုန်နေပြီ၊ ဓါတ်ခဲတွေလဲ မရှိတော့ သွားယူဖို့ကလဲ မဖြစ်နိုင် အမှောင်ထုကြီးစိုး လာတဲ့ အနေထားမှာလူတွေ ဘာလို့ပျောက်ကုန်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို ရှာမှ ရှင်သန်နိုင်ဖို့ ဖြစ်လာပါတော့တယ်။Mystery/ Thriller အမျိုးစားဖြစ်ပြီးတော့ ဇာတ်ကားတခုလုံး ဇာတ်ရှိန် မြင့်မြင့်နဲ့ရင်တဖိုဖိုကြည့်ချင်ရင်တော့ဒီဇာတ်ကားက တကယ်ကို ကောင်းတဲ့ ဇာတ်ကားပါ။Rating တွေလဲ ကောင်းတာမလို့ ကြည့်ရှုခံစားကြည့်ပါအုံးလို့ပဲ အကြံပေးလိုက်ပါတယ် ခင်ဗျာ။