Dinosaur HD

Dinosaur

Family Adventure Animation HD 2000-05-19 6.544 82 Min

လွန်ခဲ့နှစ်ပေါင်း၆၅သန်းခန့်ကလီးမာသတ္တဝါလင်မယား”ယာ”နဲ့“ပလီယို”ကတစ်နေ့မှာဒိုင်နိုဆောဥတစ်လုံးကိုတွေ့လို့ လွှင့်ပစ်မယ်လုပ်တုန်း မလွှင့်ပစ်နိုင်ပဲ ဥထဲကနေဒိုနိုဆောလေးပေါက်လာတဲ့အခါသူတို့ရဲ့မွေးစားသားလေး “အလက်ဒါ” ဖြစ်လာပါတယ် ။အလက်ဒါလေးကအသီးအရွက်စား ဂျက်ကာဆောရပ်စ် အမျိုးအစားဒိုင်နိုဆောလေးပါ။သူက iguanodonမျိုးထဲပါပါတယ်။ပလီယိုတို့မှာ“ဇင်နီဆိုတဲ့သားတစ်ယောက်နဲ့ “ဆူရီ” ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။အလက်ဒါလေးအရွယ်ရောက်လာပါတယ်။လီးမားလေးတွေနဲ့ဆော့ကစားပျော်ရွှင်နေပါတယ် ။တစ်ခါမှတော့တစ်ခြားဒိုင်နိုဆောတွေကိုသူမတွေ့ဖူးသေးပါဘူး။ဇင်နီလေးကလည်းကြင်ဖက်ရှာဖို့ကြိုးစားပေမယ့် မရရှာပါဘူး။ အဲဒီနေ့မှာပဲကောင်းကင်က ဥက္ကာခဲတွေမီးလုံးတွေကျလာပြီးတစ်တောလုံးပျက်စီးမီးလောင်တော့” ယာ”တို့ မိသားစုလေးယောက်နဲ့ အလက်ဒါတို့အသက်လုထွက်ပြေးရပါတယ်ထွက်ပြေးရင်းနောက်ကနေစားဖို့လိုက်လာတဲ့ကာနိုတောရပ်စ်အသားစားဒိုင်နိုဆောတွေလက်ကနေလွတ်အောင်အသက်လုပြေးရပြန်ပါတယ်။သိပ်မကြာခင်မှာပဲ တစ်ခြားဒိုင်နိုဆောအုပ်နဲ့သွားတွေ့ပါတယ်။ သူတို့က ဥဥပြီးအသိုက်လုပ်မယ့် နေရာကိုသွားနေကြတာပါ။နောက်ကျကျန်ရစ်တဲ့သက်ကြီးဒိုင်နိုဆောတွေကို အလက်ဒါကစောင့်ခေါ်ပေးပါတယ် ။ သူတို့ကအမှီမလိုက်နိုင်လို့စောင့်ခေါ်ပေးဖို့အုပ်စုခေါင်းဆောင်“ခရွန်”ကိုပြောတဲ့အခါခရွန်ကလက်မခံပါဘူး ။အလက်ဒါက ခရွန့်ရဲ့ ညီမ” နီးရာ” နဲ့စတွေ့ပါတယ်။ အသားစားကာနိုတောရစ်ပ်တွေက နောက်ကဆက်လိုက်လာပါတယ်အလက်ဒါတို့အုပ်စုဘာတွေကြုံရမလဲခရွန်တို့အုပ်စုဘာတွေဖြစ်ကြမလဲ ဥဥပြီးအသိုက်လုပ်မယ့်နေရာကဘယ်လိုမျိုးလဲ ရောက်ရောရောက်ကြပါ့မလားဆိုတာကတော့ဖန်သားပြင်ပေါ်ဆက်ကြည့်ကြပါဇတ်ကားမှာ သဘောကျမိတဲ့အချက်တွေဒီကားမှာတေးဂီတပိုင်းကိုကြိုက်ပါတယ်။ဥက္ကာပျံဥက္ကာခဲတွေကျပြီးတစ်တောလုံးမီးလောင်လို့ကျန်တဲ့သူတွေအကုန်သေဆုံးကုန်တာကိုဝမ်းပမ်းတနည်းငေးကြည့်နေကြတဲ့အခန်းမှာသုံးထားတဲ့ဂီတကတကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်။ဇတ်ကားသမိုင်းကိုရှာကြည့်တော့ ဒီဇတ်ကားရဲ့ တေးဂီတကဆုတွေရထားပါတယ်။ နောက်ခံအသံသရုပ်ဆောင်တွေကလည်းတစ်အားကောင်းပါတယ်။ သဘာဝကျသလိုဆွဲဆောင်မှုရှိပြီးဇတ်ကောင်တွေကအသက်ဝင်လာပါတယ်။အလက်ဒါအဖြစ်သရုပ်ဆောင်တဲ့Daniel Bernard Sweeneyရဲ့အသံချိုချိုလေးက သဘောကျစရာကောင်းပါတယ်။ ဇတ်သိမ်းမှာပလီယိုပြောတဲ့စကားလေးတွေကလည်းတကယ်ကိုနှစ်သက်စရာကောင်းပါတယ်။ဟုတ်ပါတယ် ဒီရုပ်ရှင်လေးကြောင့်ပဲပရိသတ်တွေက“သူတို့ရဲ့အဲဒီမှာရှိခဲ့တဲ့ချိန်တွေကိုနည်းနည်းလေးဖြစ်ဖြစ်နောင်မှာအမှတ်ရနေကြမှာပါ”ကွန်ပြူတာနဲ့ ဇတ်ကောင်တွေကိုဖန်တီးထားပေမယ့်နောက်ခံကတော့ရိုက်ကွင်းအစစ်တွေကိုသုံးထားပြီးဗင်နီဇွဲလားနိုင်ငံအမျိုသားဥယျဥ်နဲ့အိန်ဂျယ်ရေတံခွန်ကိုတွေ့ရမှာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ထဲကနေရာတွေ ဖလော်ရီဒါပြည်နယ်ထဲကနေရာတွေဟာဝိုင်ယီကျွန်းစုထဲကကျွန်းနှစ်ကျွန်းသြစတေးလျနိုင်ငံနေရာတစ်ချို့ ဆမ်မိုအာကမ်းခြေနဲ့ဂျော်ဒန်နိုင်ငံရိုက်ကွင်းတွေပါပါတယ်။ဒါကြောင့်မို့ ရူခင်းရူကွက်တွေကတကယ်ကို သဘာဝကျလှပနေတာပါ။ဒါရိုက်တာက Eric Leighton နဲ့RalphZondag ဖြစ်ပါတယ်။ တကယ်ကိုကောင်းပါတယ် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။