ဒီရုပ်ရှင်ကတော့ 2025 ရဲ့ထိပ်တန်းနာမည်ကြီးသရုပ်ဆောင်တွေနဲ့ စတင်ထားတဲ့Nonstop အက်ရှင်ကားကောင်းတစ်ကားပါ…Jamie Fox , Cameron Diaz ,Andrew Scott စတဲ့ နာမည်ကြီးအမြောက်အမြားပါဝင်ထားပါတယ်….CIA ရဲ့ ထိပ်တန်းစပိုင် ၂ ယောက်ဖြစ်တဲ့ အမ်မလီနဲ့ မတ်ဟာ ရုရှားတွေဆီကနေ…ကမ္ဘာအနှံ့က အရေးပါတဲ့ နယူးကလီယားဓာတ်ပေါင်းဖို.ဆည်ကြီးတွေဓာတ်အားပေးရုံတွေ စတဲ့အရာတွေကိုထိန်းချုပ်နိုင်တဲ့ သော့တစ်ချောင်းကို ခိုးလာပါတယ်…ဒီသော့ကိုပြန်အပ်ဖို့ အပြန်လမ်း လေယာဉ်ပေါ်မှာ အမ်မလီဟာမတ်ကြောင့် ကိုယ်ဝန်ရသွားကြောင်း သိရာကနေ..စီးလာတဲ့လေယာဉ်ပါ ချောက်ချခံလိုက်ရပြီးရန်သူဘက်က တိုက်ခိုက်တာကိုခံရတာကြောင့်လေယာဉ်ပျက်ကျသွားပါတယ်…သော့ပါပျောက်သွားပြီး သူတို့နှစ်ယောက်လုံး သေလူဟန်ဆောင်ကဇာတ်မြှုပ်နေလိုက်ကြပါတယ်ဒါပေမယ့် ၁၅ နှစ်ကြာအပြီး သားနဲ့သမီးနဲ့ သာမန်မိသားစုလေးတစ်ခုရလာချိန်မှာ…အတိတ်ကသူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေ ပြန်လိုက်လာတဲ့အတွက်စွန့်လွှတ်ခဲ့တဲ့ သူလျှိုဘဝကိုပြန်သွားရပါတော့တယ်..