အဲလက်နဲ့ အာလီတို့နှစ်ယောက်ဟာ ၁၅ နှစ်ကြာအောင် လင်မယားသဖွယ်အတူယှဉ်တွဲလာခဲ့တဲ့ သက်လတ်ပိုင်းလူလွတ်နှစ်ယောက်ဖြစ်ပါတယ်။နှစ်ယောက်လုံးဟာ ရုပ်ရှင်လောကမှာအသီးသီးလုပ်ကိုင်နေကြတဲ့သူဖြစ်ပြီး အတန်အသင့်ဝင်ငွေကောင်းပြီး သက်တောင့်သက်သာနေနိုင်ကြသူများဖြစ်ပါတယ်။ဒါပေမဲ့ သမီးရည်းစားသက်တမ်းကြာလာရင် အနေအေးလာတယ်ဆိုတဲ့အတိုင်းအဲလက်တို့ဟာ အရင်လိုအချစ်တွေမလန်းဆန်းတော့ဘဲ လက်ရှိဘဝကိုငြီးငွေ့လာကြပါတယ်။ဒီလိုနဲ့ နှစ်ဦးသဘောတူလမ်းခွဲဖို့အကြောင်းဖန်လာခဲ့ပါတယ်။ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ အာလီရဲ့အဖေဟာ တစ်ချိန်က“ပေါင်းစည်းခြင်းထက် ခွဲခြားခြင်းကို ဂုဏ်ပြုတာကောင်းတယ်” ဆိုတဲ့ စကားကို အာလီက သတိရသွားတဲ့အချိန် လမ်းခွဲအမှတ်တရအနေနဲ့ ပါတီတစ်ပွဲကျင်းပဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲပါတီမှာဘယ်လိုတွေဖြစ်သွားမလဲ အဲလက်တို့နှစ်ယောက်ကော နှစ်ယောက်သားမျဉ်းပြိုင်အနေနဲ့ဘဲ ဘဝကိုဆက်ကြရမလား မဟုတ်ရင် ၁၅ နှစ်ကြာသံယောစဉ်ကပဲသူတို့ကိုပြန်ပြီးပေါင်းစည်းစေမလားဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။