I Am Kathalan FHD

I Am Kathalan

Thriller FHD 2024-11-07 6.8 111 Min

၂၀၂၄ က ထွက်ရှိထားတဲ့ မာလျာလမ်စကားပြေနည်းပညာ မှုခင်း သည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းလေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။တော်ရုံဇာတ်လမ်းမညံ့တဲ့ မာလျာလမ်စကားပြောရုပ်ရှင်တွေရဲ့ထုံးစံအတိုင်းဒီရုပ်ရှင်ဟာလည်း အစပိုင်းမှာ ပေါ့ပေါ့ပါးပါးပုံးစံကနေတဖြည်းဖြည်းချင်း ဇာတ်ကိုဆွဲတင်ပြီး ပရိသတ်ကိုဆွဲခေါ်သွားဦးမှာပါ။ဇာတ်လမ်းကတော့ နည်းပညာပိုင်းမှာ ကျွမ်းကျင်ပေမဲ့ဘာဖန်တီးမှုမှမပြနိုင်လို့ အလုပ်မရဖြစ်နေတဲ့ ဟက်ကာပေါက်စလေး ဗစ်ရှ်နူး။ဝိုင်ယာကြိုးနှစ်ချောင်းပူးပြီး သူ့ကွန်ပြူတာကို ဖွင့်ရတဲ့ထိဘဝမှာတိုင်ပတ်နေတဲ့ ဗစ်ရှ်နူးဟာ အချစ်ရေးမှာတော့ကံမခေခဲ့ဘဲ သူ့ကိုချစ်တဲ့ချစ်သူ ရှိခဲ့ပေမဲ့ အဲဒီချစ်သူကပါသူ့ကိုထားသွားတဲ့အချိန်မှာတော့ ဆောက်တည်ရာမရဖြစ်ပြီးချစ်သူကို ပြန်ပိုင်ဆိုင်ခွင့်ရဖို့ကြိုးစားရင်းအန္တရာယ်အင်မတန်ကြီးတဲ့ကစားပွဲတစ်ခုကိုကစားမိလျက်သားဖြစ်ကာ ပြဿနာတွေနဲ့ရင်ဆိုင်ဖြေရှင်းရပုံကိုဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ…။