ဒီတစ်ခါ Bollywood ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ တမီလ်သည်းထိပ်ရင်ဖိုစိတ်ဝင်စားဖွယ် ဇာတ်လမ်းဇာတ်သွားလေးနဲ့ ရင်ခုန်စရာဇာတ်လမ်းလေးဖြစ်ပါတယ်ဇာတ်လမ်းအစမှာ အငြိမ်းစားစစ်အရာရှိကြီးတစ်ယောက်ကဘဝကို ငြိမ်းချမ်းစွာဖြတ်သန်းနေရင်း သူ့အိမ်ကသရက်ပင်မှာသရက်သီး လာလာခိုးတဲ့ ရပ်ကွက်ထဲကကလေးကို စိတ်တိုပြီး သေနတ်နဲ့ထုတ်ပစ်လိုက်တာကလေးကသေသွားပါတယ်…ကံကောင်းချင်တော့ သေနတ်ကျည်ဆံအလောင်းမှာမတွေ့လို့အငြိမ်းစားကြီးလည်း အမှုမပတ်အောင် သေနတ်ကို မြစ်ထဲပစ်ချလိုက်ပါတယ်။အဲ့မှာပဲ မြစ်ကမ်းတစ်နေရာမှာ လူတစ်ယောက်ကအဲ့သေနတ်ကိုဆယ်မိပြီး ဒဇာတ်လမ်းက အစပြုခဲ့တာပါ…ဒီအရှုပ်ထုပ်နဲ့တပြိုင်နက် ပိုက်ဆံအရေးတကြီးလိုအပ်နေတဲ့လူတွေရဲ့ဇာတ်လမ်းကလည်း တစ်ပါထဲ ရောယောင်ပါဝင်လာပါတယ်…ဒါတွေအကုန် ဘာတွေဆက်စပ်နေလဲဆိုတာ ပရိသတ်ကြီးပဲကြည့်ရှုရင်း အဖြေရှာနိုင်ဖို့ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်