ဇာတ်လမ်းအကျဉ်းအနေနဲ့၁၉၉၅ မှာ ဘော့စနီးယားမှာပြည်တွင်းစစ်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ်မီးငြိမ်းဖို့ နေရာတကာပါတဲ့ NATO တပ်ဖွဲ့ကလည်း ပါလာရပါပြီ။ စစ်ပြေငြိမ်းရေးသဘောတူညီချက်တွေချုပ်ဆိုပြီးလို့ NATO တပ်တွေလည်း ဆုတ်ခွာခါနီးနေပါပြီ။ NATO အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန် Navy ကလည်းလေယာဉ်တင်သင်္ဘောတွေနဲ့ ပင်လယ်ပြင်က စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့တာဝန်ကတော့ဘော့စနီးယားပေါ်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ ပြည်တွင်းအခြေအနေကို ဝေဟင်ကနေမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးဖို့ဖြစ်ပါတယ်။ခရစ္စမတ်နေ့ အားလပ်ရက်တာဝန်အနေနဲ့ပိုင်းလော့ဒ်စတက်ဟောက် နဲ့ သူရဲ့လေကြောင်းလမ်းပြဗိုလ် ဘားနက်တို့ ဒစ်ဂျစ်တယ်ကင်မရာအသစ်စက်စက်တပ်ဆင်ထားတဲ့ F-18 တိုက်လေယာဉ်နဲ့ဘော့စနီးယားဝေဟင်ကိုသတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း လိုက်လံစစ်ဆေးနေခဲ့တယ်။ မောင်းနှင်နေရင်း ဘော့စနီးယားတို့ သတ်မှတ်ပေးထားတဲ့ မပျံသန်းရတဲ့နယ်မြေစစ်မဲ့ကင်းမဲ့ဇုံဆိုတဲ့နေရာမှာ မသင်္ကာစရာကိုရေဒါကနေတွေ့ရှိလိုက်လို့ သတ်မှတ်လမ်းကြောင်းအတိုင်း မဟုတ်ဘဲ မှတ်တမ်းတင်ဖို့ ပျံသန်းခဲ့မိပါတယ်။ ဒီအချိန်မှာ သူတို့ မထင်မှတ်တာကို မြင်တွေ့မှတ်တမ်းတင်လိုက်ပေမယ့်သူတို့တိုက်လေယာဉ်ပျံကိုလည်း လေယာဉ်ပစ်အမြှောက်တွေနဲ့ ပစ်ချခံလိုက်ရပါတယ်။အချိန်မီထိုင်ခုံကို တွန်းကန်ပြီး ခုန်ထွက်နိုင်ပေမယ့် ဘော့စနီးယားနယ်မြေထဲမှာပဲပိုင်းလော့ဒ်ကခြေထောက်ဒဏ်ရာနဲ့မို့ ပစ်သတ်ခံလိုက်ရပြီး ဗိုလ်ဘားနက် တစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ သူတို့ ဘာကို မှတ်တမ်းတင်မိလို့ ပစ်ချခံခဲ့ရတာလဲ ရန်သူ့နယ်မြေကနေ လွတ်အောင်ဘယ်လိုကြိုးပမ်းခဲ့ရသလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုလိုက်ပါ။အမေရိကန်ကို လူတိုင်းက စစ်အင်အားကြီးတဲ့နိုင်ငံလို့ လက်ခံထားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ဒီလိုအမေရိကန်စစ်ကားတွေတော်တော်များများမှာ သူတို့ရဲ့နည်းပညာ လက်နက်အင်အား ခေတ်မှီလက်နက်တွေကို သူတို့ကထုတ်ပြထားတယ်။ မီဒီယာကနေ အများကြီး ထိုးဖောက်လွှမ်းမိုးနိုင်တယ်ဆိုတာ တကယ်တမ်းအပြင်မှာ ဒီလောက်ကောင်းတဲ့လက်နက်မျိုး ရှိမရှိ လုပ်နိုင်မလုပ်နိုင် ဘယ်သူမှ သေချာမပြောနိုင်ဘူး ဒီကားထဲမှာဆိုလည်း ဂြိုဟ်တုကနေ တိုက်ရိုက် လူ့ခန္ဓာကိုယ်အပူချိန်ကိုရိုက်ကူးနိုင်တဲ့ကင်မရာနဲ့ လူကိုရှာပြသွားတယ်။တကယ်အပြင်မှာလုပ်နိုင်လား မလုပ်နိုင်လားတော့ မသိဘူး ဒါပေမယ့် အားလုံးကတော့ အမေရိကန်ကိုဒီလိုမျိုးတွေလုပ်နေနိုင်လောက်ပြီလို့လက်ခံကြပါတယ်။ နောက်ဒီဇာတ်ကားထဲမှာ တခြားအတုယူမြင်နိုင်တဲ့ အချက်တွေလည်း အများကြီးပါတယ်။ မီဒီယာရဲ့အခန်းကဏ္ဍပါပဲ။ ဗိုလ်ချုပ်ကြီးတွေ မစွမ်းနိုင်တဲ့ကိစ္စကို မလုပ်နိုင်တဲ့အခြေအနေမှာမီဒီယာကို ကောင်းကောင်းအသုံးချနိုင်လို့ချက်ချင်းကိုပြေလည်သွားတဲ့ကိစ္စမျိုးတွေ။ နှစ်နိုင်ငံဆက်ဆံရေးမှာ အပေါ်ယံပြောတိုင်းလည်း ယုံကြည်လို့မရနိုင်တွေ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်တတ်တာတွေပေါ့။ ဗဟုသုတအနေနဲ့ဒီကားရုံတင်တော့ တကယ့်ဖြစ်ရပ်မှန်ထဲက ပိုင်းလော့ဒ်က ရုပ်ရှင်ထုတ်လုပ်ရေးကို တရားစွဲပါတယ်။ သူ့ဇာတ်ကောင်ကို ဖျက်ဆီးမှုနဲ့ပါ။တကယ့်အပြင်မှာ ပိုင်းလော့ဒ်က ဒီဇာတ်ကားထဲကလို ဂျစ်ကန်ကန်ဆဲတတ်တဲ့လူမဟုတ်ပါဘူးတဲ့။ အပြင်ဖြစ်ရပ်မှန်နဲ့အနည်းငယ်ကွာခြားမှုရှိပါတယ်တဲ့ အပြင်မှာ အရပ်သားတွေနဲ့ဆုံတွေ့ခဲ့ခြင်းမရှိသလို ရန်သူတပ်တွေနဲ့ နောက်ဆုံးခန်းကလိုအပြန်အလှန်တိုက်ခိုက်ခဲ့ခြင်းမရှိပါဘူးတဲ့ သူမောင်းနှင်ခဲ့တဲ့ တိုက်လေယာဉ်က F-18 မဟုတ်ဘဲ F-16 တိုက်လေယာဉ်သာဖြစ်ပါတယ်။တရားရုံးမှာတော့ ပြေလည်အောင်ညှိုနှိုင်းနိုင်လိုက်ပါတယ်….