Holy Punch HD

Holy Punch

Action Comedy HD 2024-03-20 5.2 98 Min

ဝမ်ဂါလ်ဘီနဲ့ ဆမ်ဂေါရီလို့ ခေါ်တဲ့ ပြိုင်ဘက် ဂိုဏ်း၂ဂိုဏ်း ရှိပြီးတော့ သူဌေးဂျန်း ခေါင်းဆောင်တဲ့ဝမ်ဂါလ်ဘီ ဂိုဏ်းမှာတော့ ဘတ်ဂယောင်းချော (Oh Dae Hwan) နဲ့ အီထယ်ယုံး (Lee Yong Kyuတို့ပါဝင်ကြပါတယ်။ တစ်နေ့မှာတော့ ဝမ်ဂါလ်ဘီဂိုဏ်းက ခေါင်းဆောင်ဂျန်းဟာ ရုတ်တရက် တိုက်ခိုက်ခံရပြီးသေဆုံးသွားခဲ့တာကြောင့် ဘတ်ဂယောင်းချောနဲ့ အီထယ်ယုံးတို့ဟာလည်း အသီးသီးလွတ်မြောက်ရာကိုထွက်ပြေးခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့ ဘတ်ဂယောင်းချောကတော့ ဘုရားကျောင်းတစ်ခုမှာ ပုန်းခိုနေရင်းကနေသင်းအုပ်ဆရာ ရာထူးရရှိသွားပြီး အီထယ်ယုံးကတော့ ဘုန်းကြီးကျောင်းမှာဆရာတော်အဖြစ်နဲ့ ခိုကပ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်း ဆမ်ဂေါရီ ဂိုဏ်းရဲ့ လူကုန်ကူးမှုကို လိုက်လံ စုံစမ်းနေတဲ့ စုံထောက်ချာ (Ji Seung Hyun) ဟာအကြောင်းမလှစွာနဲ့ လေးသရဲ ပူးကပ်ခံနေပြန်ပါတယ်ဆမ်ဂေါရီ ဂိုဏ်းရဲ့ ခေါင်းဆောင်ကို လိုက်လံ ဖမ်းဆီးဖို့ရာအတွက် စုံထောက်ချာဟာဘတ်ဂယောင်းချောနဲ့ အီထယ်ယုံး တို့ကိုပါ စစ်ကူခေါ်ရပါတော့တယ်။လူကုန်ကူးတဲ့ ဂိုဏ်းကို လိုက်လံဖမ်းဆီးမဲ့ ခရီးစဉ်မှာလူမိုက်လက်ထွက် သင်းအုပ်ဆရာနဲ့ ဆရာတော်၊ကလေးသရဲ ဝင်ပူးခံနေရတဲ့ စုံထောက် သုံးယောက်ပေါင်းပြီး  အလွဲပေါင်းများစွာကြုံ့တွေ့ရပုံကိုဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်တာကြောင့်ကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်။