Wally နဲ့ Kassie တို့ဟာ သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်ကြောင်တောင်တောင်နိုင်ပြီး ကြောက်တတ်တဲ့ Wally ဟာ သတ္တိရှိပြီး စွန့်စားလိုစိတ်အပြည့်ရှိတဲ့ သူငယ်ချင်း Kassie ကို ချစ်နေပေမဲ့သူငယ်ချင်းဇုန်ထဲကပါထုတ်ခံရမှာကြောက်ပြီး ဖွင့်ပြောခွင့်သာတိုင်းလည်း ရှောင်ရှောင်ပြေးနေတတ်သူတဦးပါ။စွန့်စားလိုစိတ်အပြည့်ရှိတဲ့ Kassie ကတော့ Wally ရှေ့တင်ရည်းစားတွေတယောက်ပြီးတယောက်တွဲခဲ့ပြီးနောက်ဆုံးမှာတော့ အိမ်ထောင်ပြုဖို့ကိုပါ မစဉ်းစားတော့ဘဲ သုက်ပိုးအလှူခံပြီးကိုယ်ဝန်ဆောင်ဖို့ကိုသာ ရွေးချယ်ပါတော့တယ်..ဒီအကြံကိုလည်း လက်မခံနိုင် ကိုယ်တိုင်လည်းဖွင့်မပြောနိုင်တဲ့ Wally ဟာ Kassie သဘောထားပြောင်းလဲလာဖို့ ကြိုးစားခဲ့ပေမဲ့Kassie ကတော့ သူ့ဆန္ဒအတိုင်းအကောင်အထည်ဖော်ပါတော့တယ်..Kassie ဟာ သူ့အစီအစဉ်အတိုင်း ပါတီတခုကျင်းပကာ သူ့စိတ်ကြိုက်သုက်ပိုးအလှူရှင်ကို မရရအောင်ရှာဖွေနိုင်ခဲ့ပြီးသုက်ပိုးကူးပြောင်းယူမယ့်အခိုက် နာကျင်ကြေကွဲနေတဲ့ Wally တယောက် သူကိုယ်တိုင်တောင် ဘာတွေလုပ်ခဲ့မှန်းမသိလုပ်မိအောင် အရက်အလွန်အကျွံမူးပြီးနောက်မှာတော့…ခံစားချက်တွေပွင့်ထွက်သွားမလားဆိုတာ…..။ဒီကားလေးက သူငယ်ချင်းဇုန်ထဲက ဇာတ်လိုက်များ ၊မိခင်စိတ်အပြည့်နဲ့ အမျိုးသမီးတဦး၊ မိဘမေတ္တာ စတဲ့ချစ်ခြင်းမေတ္တာတွေအကြောင်းကို ဟာသလေးစွက်ပြီးကြည့်ရှုခံစားနိုင်မှာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များလက်မလွတ်ရဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။