Ramnagar Bunny FHD

Ramnagar Bunny

Comedy Romance FHD 2024-10-04 8.3 148 Min

အခုတင်ဆက်ပေးလိုက်တာကတော့ တလေဂူးအချစ်ဟာသရုပ်ရှင်ကားလေးပါ။ဘန်နီဆိုတဲ့ကောင်က သူငယ်ချင်းတွေနဲ့ လတ်လျားလတ်လျားသွားလာနေပြီးတာဝန်ယူမှုဆိုတာမရှိတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်။အဖေဖြစ်သူက သုံးဘီးမောင်းပေမဲ့ အိမ်မှာ စေတနာနဲ့လာကူညီပေးတဲ့ဆိုင်လူဆိုတဲ့ ကောင်မလေးကတော့ ဘန်နီ့ကို တိတ်တခိုးလေးချစ်မိနေပါတယ်။ဘန်နီကတော့ ဆိုင်လူ့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်တဲ့အပြင်အိမ်အကူလောက်ပဲသဘောထားတဲ့ကောင်။ကြုံလာသမျှမိန်းကလေးတိုင်းကို ဖွန်ကြောင်ရင်း ညီမဖြစ်သူအတွက်အဖေစုထားတဲ့ပိုက်ဆံကိုပါ ခိုးသုံးပြီး ချစ်သူမိန်းကလေးတိုင်းကလည်းသူ့ကိုထားခဲ့ကြတဲ့နောက်မှာတော့ ဘန်နီတစ်ယောက် ပြဿနာပေါင်းသောင်းခြောက်ထောင်ကြုံရပါတော့တယ်။